#Unicode
"ကျုပ်အခုလာတာက ကလေးနဲ့ကျုပ် ဒီနေ့လက်ထပ်မယ်ဆိူတာ လာပြောတာပါ"
ဦးမင်းခန့် ရှိုင်းရဲ့ စကားကြောင့် ဒေါသထွက်သွားခဲ့ပေမယ့် သူ့အချစ်ဆုံးဖြစ်တဲ့သား အလင်းရောင်ရှိနေတာမို့လို့ သူ့ရဲ့ပေါက်ကွဲချင်သည့်စိတ်ကို အံကြိတ်ကာထိန်းထားသည်
လက်ထပ်ဖို့ကိစ္စက ဒီလောက်ထိ မြန်သွားလိမ့်မယ် လို့လည်း ဦးမင်းခန့်မထင်ထားခဲ့
ဒီလိုကိစ္စတွေ မရှိလာအောင် ရှိုင်း ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့် အကုန်လုံးက အချည်းနှီးသာဖြစ်ခဲ့သည်ရှိုင်း ဦးမင်းခန့်ရဲ့မျက်နှာ ပျက်ယွင်းသွားတာကိုကြည့်ပြီး
သူ့နောက်မှာရပ်နေသော သူတို့ကုမ္ပဏီရဲ့အတော်ဆုံးရှေ့နေတစ်ဦးဖြစ်သည့် ဦးမှိုင်း ရဲ့လက်ထဲက ဖိုင်ထည့်ထားသော စာချုပ်တစ်ခုကို လှမ်းယူလိုက်သည်...*ဦးပြောတဲ့ ဒီနေ့လက်ထပ်မယ်ဆိုတဲ့စကားကြောင့် အလင်းရောင် ဦးကို သာကြောင်ကြည့်နေမိသည်
ဦးက. သားကိုလည်း ချစ်တယ်လို့လည်း တစ်ခါမှမပြောဖူးဘဲနဲ့ လက်ထပ်မှာတဲ့
တကယ်တော့ သား မေ့နေခဲ့တာဘဲ ဦးက သားကို လက်စားချေဖို့လက်ထပ်မှာကို *အလင်းရောင် စားပွဲပေါ်မှာ ဦး ချလိုက်တဲ့ စာရွက်နှစ်ရွက်ကို ကြည့်လိုက်တော့
*နှစ်ဦးသဘောတူလက်ထပ်စာချုပ်တဲ့
ထိုစာချုပ်မှာတော့ ဦးရဲ့လက်မှတ်ကအခန့်သား ရှိနေပြီး လိုနေတာက သားရဲ့လက်မှတ်ပင်ဖြစ်သည်*
ရှိုင်း ဦးမင်းခန့်ရဲ့မျက်နှာကို စိုက်ကြည့်လိုက်ပြီး
အရင်တစ်ခေါက်က. ဖေဖေ ကျုပ်တို့ကို သဘောတူတယ်လို့ပြောတုန်းက ကျုပ် ဟော်တယ်တစ်ခုမှာ မင်္ဂလာပွဲစီစဉ်ဖို့လုပ်ထားခဲ့ပေမယ့် အခုတော့အခြေနေပြောင်းသွားပြီ ဒီစာရွက်နှစ်ရွက်ပေါ်မှာ လက်မှတ်ထိုးဖို့ဘဲစီစဉ်ထားတယ်ဘယ်လိုလဲ သဘောကျတယ်မလားဦးမင်းခန့်
ခင်ဗျားလည်း သိတာဘဲ ကျုပ်က ခင်ဗျားသားကို ချစ်လိူ့လက်ထပ်မှာ မဟုတ်ဘူးဆိုတာ
ဟက်..မချစ်ဘဲလက်ထပ်မယ့်လူတစ်ယောက်အတွက် ကျုပ်က ဘာလို့အချိန်နဲ့ငွေကို အကုန်ခံရမှာလဲ
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romanceဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️