#Unicode
ရှိင်းဆေးရုံကနေBabyကိုနှုတ်ဆက်ပြီးcompanyကိုသွားဖို့အခန်းတံခါးဖွင့်လိုက်တော့အခန်းတံခါးနားကအစောင့်နှစ်ယောက်က ဦးရှိင်းကိုအရိုသေပေးကြတယ်ဦးရှိင်းထိုအစောင့်နှစ်ယောက်ကိုမှာစရာရှိတာမှာပြီးဆေးရုံကနေထွက်လာခဲ့တယ်.
ရှိင်းရဲ့ကားလေးထွက်သွားတော့အနောက်ကနေကိုယ်ရံတော်ကားသုံးစီးလုံးထပ်ကြပ်မကွာလိုက်ခဲ့ကြတယ်
ဦးရှိင်းလို့ပြောလိုက်ရင်စီးပွားရေးလောကလူတွေအကုန်လုံးကြောက်ရတယ် ဦးရှိင်းဆိုရင်စီးပွားရေးလောက ကမသိတဲ့လူမရှိဘူး
ဦးရှိင်းဆိုတဲ့လူကပြောရင်ပြောသလိုလုပ်တတ်တာကြောင့်အမှောင်ဂိုဏ်းထဲကလူတွေရောအကုန်ကြောက်ကြတယ်
တကယ်တော့ဦးရှိင်းဆိုတဲ့လူက အမှောင်လောကကြီးရဲ့နဂါးဆိုပြီးတော့နာမည်ကြီးတယ် SY Companyဆိုတာကလည်းမြန်မာနိုင်ငံမှာရှိတဲ့ရှိင်းရဲ့ပိုင်ဆိုင်တဲ့ကုမ္ပဏီထဲကတစ်ခုပေါ့
ရှိင်းစီးခဲ့တဲ့ကားလေးSYကုမ္ပဏီရဲ့အဝင်ပေါက်ကိုရောက်တဲ့အခါဝန်ထမ်းတွေအကုန်လုံးကဦးညွှတ်ကျရတယ်
ရန်နိုင်သည်ကားထဲကထွက်ပြီးဦးရှိင်းဘက်က ကားတံခါးလေးကိုဖွင့်လိုက်တယ် ဦးရှိင်းသည် အပေါ်ကုတ်အမည်းရောင်ကိုလက်မှာကိုင်ထားပြီးအထဲကအင်္ကျီအဖြူလေးကိုတံတောင်ဆစ်ထိခေါက်ထားလိုက်တော့ပေါ်လာတဲ့အကြောစိမ်းတို့ကယောကျာ်းပီသကြောင်းကိုပြသနေတယ်
V shapပုံစံမျက်နှာနဲ့မျက်ခုံးမွေးထူထူတို့ကိုအမြဲတမ်းမျက်မှောင်ကြုတ်ထားတဲ့ပုံစံလေးကမိန်းကလေးတွေရဲ့အကြိုက်လေး စူးရှတဲ့အကြည့်တို့ကလည်းမိန်းကလေးတိုင်းကိုစွဲဆောင်နိုင်လွန်းတယ်
အသက်၃၀လို့တာပြောတာ ခန္ဓာကိုယ်ကတောင့်တင်းလွန်းပြီးလေ့ကျင့်ခန်းလိုက်စားထားတဲ့လူတစ်ယောက်လိုဘဲ ယောကျာ်းလေးအချင်းချင်းတောင်အားကျရဲ့ထိ တည်ကြည်ခန့်ညားလွန်းတယ်
ဦးရှိင်းသည်ကားထဲကထွက်လာပြီးလက်ထဲကအပေါ်ကုတ်ကိုရန်နိုင်ဆီပေးလိုက်ပြီးတော့ ကုမ္ပဏီထဲဝင်လာတော့ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေ အကုန်လုံးကကြောက်ရွံ့နေကြတယ်
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romansaဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️