ဦးရဲ့ကလေးငယ်❤️Ep-8❤️

4.5K 213 9
                                    

#Unicode

အလင်းရောင် ဦးစောင်လာခြုံပေးတဲ့အချိန်ကထဲက နိုးနေပါတယ်....ဒါပေမဲ့မနေ့က ဦးပြောတဲ့စကားတွေကြောင့် ဦးနဲ့မျက်နှာချင်းမဆိုင်ချင်လို့သာ အိပ်ချင်ယောင်ဆောင်နေရတယ်.....

အလင်းရောင်စောင်ထဲကနေထပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်..... အလင်းရောင် ရေချိုးခန်းထဲကမှန်ပေါ်မှာပေါ်နေတဲ့မိမိမျက်နှာကိုကြည့်ရင်း...

မနေ့က ဦးပြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားနေတယ်....

မနေ့ညက သားအိပ်ပျော်နေပါပြီ ...ဒါပေမယ့် ဦးရဲ့ အခန်းတံခါးဖွင့်တဲ့ အသံကိုကြားတော့ နိုးလာတယ်..

သားကအရင်ကထဲက အအိပ်ဆက်တယ်....
အဲဒါကြောင့် ဦးရဲ့ ခြေသံတွေကိုနားထောင်ရင်းအိပ်ချင်ယောင်ဆောင်လိုက်တယ်......

ဒါပေမယ့်မနေ့ညက ဦး သားရဲ့နဖူးကိုနမ်းလာတော့လန့်သွားပေမယ့် မျက်စိကိုမဖွင့်ရဲဘူး......

တကယ်လို့ သားမျက်စိဖွင့်လာရင် ဦး သားကိုစိတ်ဆိုးမှာကြောက်လို့မျက်စိမှိတ်ထားလိုက်တယ်....ဒါပေမယ့်မနေ့ညက ဦးပြောခဲ့တဲ့ စကားတွေကို သားနားမလည်ဘူး......

ဦးက ဒယ်ဒီကို ဘာလို့လက်စားချေမှာလဲ ဒယ်ဒီ က. ဦး ထင်နေသလို လူဆိုးမဟုတ်ပါဘူး....

ဦး အထင်လွှဲနေတာဘဲ ဖြစ်မှာပါ ....ပြီးတော့သားဒယ်ဒီနဲ့မာမီကို အရမ်းလွမ်းတယ်....ဒီနေ့ဆို ဦးရဲ့အိမ်မှာရောက်နေတာ (၃)ရက်လောက်ရှိနေပြီ.......

အခုထိ ဒယ်ဒီနဲ့မာမီကို မမြင်ရသေးဘူး.....ဖုန်းလည်းဆက်ခွင့်မပေးဘူး..../ဆိုပြီး

အလင်းရောင် ရေပန်းကို ဖွင့်လိုက်တယ် တို့နောက်မှာတော့ရေတွေနဲ့အတူ မျက်ရည်တွေ ကို ဆင်းကျခိုင်းလိုက်တယ်...

အလင်းရောင်အောက်ဆင်းလာတော့ အရင်တုန်းကမြင်နေကျ ဦးကို မမြင်တော့ ပိုပြီးတော့ ဝမ်းနည်းသွားခဲ့တယ်....

ကြီးမေ .... သားအလင်းရောင်ကိုနှိုးဖို့ မီးဖိုခန်းထဲကထွက်လာတဲ့အချိန် လှေကား လက်ကိုင် ကို ကိုင်ထားပြီး မျက်ရည်တွေဝိုင်း ပြီးပြိုကျတော့မယ့် တိမ်စိုင်လိုမျိုးပုံစံ နဲ့သားအလင်းရောင်ကိုမြင်လိုက်တော့.....

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now