#Unicode
"မနက်ခင်း အလင်းရောင်သည် ပြတင်းပေါက်ငယ်လေးကနေ ဖောက်ဝင်ကာ ရှိုင်းရဲ့မျက်နှာပေါ်အလင်းရောင်ထိုးကျလာတော့ ရှိုင်း မျက်မှောင်ကြုတ်စွာမျက်လုံးကို ဖွင့်လိုက်သည်.."
"ထိုစဉ်အခန်းတံခါးဖွင့်သံနဲ့အတူ အခန်းထဲသို့ခြေသံဖွဖွလေးနှင်းကာ ဝင်လာခဲ့သူကို ရှိုင်း မကြည့်ဘဲနဲ့ ထိုသူရဲ့ ကိုယ်သင်းနံ့ နဲ့ပင် ထိုသူ ဘယ်သူလဲဆိုတာ ရှိုင်း သိလိုက်သည်."
"ရှိုင်း သည် သူ့ရဲ့ခွင့်ပြုချက် မရဘဲ အခန်းထဲသို့ Babyကလွှဲရျ် တခြားလူ ဝင်တာကို လုံးဝမကြိုက်ပေ အခုသည်လည်းသူ့ရဲ့မိခင်ဖြစ်သော ဒေါ်ထိပ်ထား ဝင်လာတာကို ရှိုင်း ကုတင်ပေါ်မှာ ထထိုင်ကာ မျက်မှောင်ကုတ်စွာ စိုက်ကြည့်လိုက်ပြီး "
"ခင်ဗျားကို ကျုပ်ပြောထားတယ်နော် နောက်ခါကျုပ်အခန်းထဲကို ဝင်ရင် ကျုပ်ခွင့်ပြုချက် ရမှဝင်ပါလို့.'
"ဒေါ်ထိပ်ထားမှာ မူ သားရှိုင်းရဲ့အသံကိုကြားမှ ကုတင်ဆီကိုအကြည့်ပို့လိုက်တော့ သူ့ကိုစူးရဲသော အကြည့်တွေနဲ့ စိုက်ကြည့်နေသော သားရှိုင်းကြောင့် အနည်းငယ်ထိပ်လန့်မိတယ်.."
"မေမေက သားရှိုင်း အိပ်နေတယ် ထင်လို့ တံခါးမခေါက်ဘဲ ဝင်လာခဲ့တာ မေမေ တောင်းပန်ပါတယ်နော်.."
"ဒီတစ်ခါတော့ ကျုပ်ခွင့်လွှတ်ပေးလိုက်မယ်နောက်တစ်ခါဆို ကျုပ်အဆိုးမဆိုနဲ့ ခင်ဗျား ကျုပ်အခန်းကို ပိုင်ရှင်ခွင့်ပြုချက်မရဘဲဝင်တာ နောက်ဆုံးဖြစ်ပါစေ.."
"ဒေါ်ထိပ်ထားသည် ငယ်ငယ်တုန်းကလို သားရှိုင်းဆီကနေ မေမေလို့ခေါ်တဲ့ အသံကို ကြားချင်ခဲ့ပေမယ့် သားရှိုင်းစံအိမ်မှာလာနေတဲ့တစ်လအတွင်းမှာ ခင်ဗျားနဲ့ကျုပ်လို့သာ ပြောသော သားရှိုင်းကို ကြည့်ပြီး ရင်ထဲမှာ အရမ်းဝမ်းနည်းနေမိသည်ကို မဖုံးနိုင်တော့ဘဲ မျက်လုံးထဲမှာ အရည်ကြည်တွေရစ်ဝိုင်းလာကာ မငိုမိအောင် သူ့ရဲ့လက်ကိုကျစ်နေအောင်စုပ်ထားပြီးရှိုင်းရဲ့ရှေ့မှာ ရပ်နေလေသည်.."
"ရှိုင်း သည် သူ့ရှေ့မှာ ရပ်နေသော သူ့ရဲ့မိခင်ကိုကြည့်ပြီး စိတ်ထဲမှာတော့ ဝမ်းနည်းမိနေပေမယ့် ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ မျက်နှာတည်တည် ဖြင့်သာ ."
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romanceဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️