#Unicode
ရှိုင်း သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ကလေးငယ် နိုးတဲ့အချိန်ကထဲက နိုးနေပေမယ့် မထသေးဘဲထိုကလေးငယ် ဘာလုပ်မလဲသိချင်လို့သာ အိပ်ချင်ယောင်ဆောင်လိုက်တယ်....
ခဏကြာတော့ ကလေးငယ် သည် ရှိုင်းနှိုးနေတာကို မသိဘဲ ရှိုင်းကို စကားပြောနေခဲ့တယ်.....ကလေးက ကိုယ့်ကို ကြောက်နေတယ်တဲ့လား...တောင်ပန်းပါတယ်ကလေးရယ်....ဦးကြောင့် ကလေး စိတ်ထိခိုက်နေရပြီ....
ရှိုင်း သူ့အတွေးထဲမှာ ကလေးငယ်ကိုတောင်းပန်နေတဲ့အချိန် သူ့ရဲ့မျက်နှာတစ်ခုလုံးကို ထိတွေ့လာတဲ့ ကလေးငယ်ကြောင့် ရှိုင်း မျက်လုံးဖွင့်လိုက်ပြီး ကလေးငယ်ရဲ့လက်ကိုလက်ကောက်ဝတ်ကနေ ဆုပ်ကိုင်လိုက်တယ်....
အလင်းရောင် သည် ရှိုင်း သူ့ရဲ့လက်ကို အားနဲ့ဆုပ်ကိုင်ထားပြီး သူ့ရဲ့မျက်နှာကို စိုက်ကြည့်နေသောကြောင့် ရှိုင်း သူ့ကို စိတ်တိုနေပြီဟုထင်ကာ အဆက်မပြတ်တောင်းပန်နေမိတယ်.....
တောင်းပန်ပါတယ်...သားက ဦးအိပ်နေတယ်ထင်လို့ ဦးရဲ့မျက်နှာကို ကိုင်ကြည့်တာပါ....
သား ဦးကို တစ်ခုခု လုပ်ဖို့ကြံစည်နေတာ မဟုတ်ပါဘူး....ရှိုင်း သည် သူ့ကို အရည်လဲ့နေသော မျက်လုံး ဝိုင်းဝိုင်းလေးတွေ နှုတ်ခမ်းသေသေးလေးက နေ သူ့ကို တောင်းပန်စကားဆိုနေ သော ကလေးငယ်ကြောင့် ထိုကလေးငယ်ကို အူယားလာကာ ပွေ့ဖတ်ထားချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပေမယ့် မျက်နှာကို ခပ်တည်တည် ဘဲ လုပ်ထားကာ.....
သူဆုတ်ကိုင်ထားတဲ့ ကလေးငယ်ရဲ့ လက်ကို လွှတ်ပေးလိုက်ပြီး ကလေး ဦး ခဏနေ အောက်ထပ်မှာစောင့်နေမယ် ...ရေချိုးပြီးဆင်းခဲ့....လို့ပြောရင်း
ရှိုင်း အခန်းထဲက ထွက်သွားပြီး....တစ်ဖက်ခန်းမှာ ရေးချိုးလိုက်တယ် .....ပြီးတော့ ကလေးငယ်ကို အောက်ထပ်က ဧည့်ခန်းမှာထိုင်စောင့်နေလိုက်တယ်.....
နောက်နာရီ ဝက်လောက်ကြာတော့ အလင်းရောင် အောက်ထပ်ကို ဆင်းလာတဲ့အချိန် ဧည့်ခန်း မှာ သူ့ကိုကျောပေးပြီး သတင်းစာ ဖတ်နေတဲ့ ဦးကိုတွေ့လိုက်တယ်.......
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romansaဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️