#Unicode
ရှိုင်း အိမ်သာထဲဝင်သွားသော ကလေးငယ်ကိုစောင့်နေသည်မှာ၁၅မိနစ်လောက်ကြာနေပြီဆိုပေမယ့် အခုချိန်ထိ အိမ်သာခန်းထဲက မထွက်လာသေးသော ကလေးကြောင့် ရှိုင်း ထိုတံခါးကိုရိုက်ခွဲကာ ဝင်သွားချင်သည့် စိတ်ကို မနည်းထိန်းထားရသည်
အလင်းရောင် ဘိုထိုင်အဖုံးပိတ်ကာ ထိုင်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်
သားလေ ဦးနဲ့ ဟိုမမတို့အတူ ရှိနေတာကိုမြင်ရတော့ သားရင်ထဲမှာ ဆူးအောင့်နေသလိုခံစားရတယ်သား ဦးနဲ့အတူတူရှိ နေသောမမကို ကြည့်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလိုခံစားရတယ် ဟိုမမက အရမ်းလည်းလှတယ် ပြီးတော့ ဦး အဲမမကိုကြည့်တဲ့အကြည့်တွေကလည်းနူးညံ့နေသလိုဘဲ
သားက ဦးတို့ကိုများအနှောင့်ယှက်ပေးနေမိပြီလား
ဦးနဲ့သားက ဒီနေ့မှလက်ထပ်ထားတာလေ
ဒါမှမဟုတ် ဦးနဲ့အဲမမက ချစ်သူတွေလား
ဦးတို့သာ ချစ်သူတွေဆိုရင် သားက ဦးအတွက် ဘာလဲဟင်..အလင်းရောင် တစ်ယောက်ထဲအတွေးထဲမှာပြန်ဖြေမည့်သူမရှိတဲ့ မေးခွန်းပေါင်းများစွားသာမေးနေမိသည်..
အလင်းရောင် သူ့ရဲ့ဘယ်ဘက်ပါးပေါ်မှ ကျလာသော မျက်ရည်ကိုသုတ်လိုက်ပြီး
ဟူး အဲမမနဲ့ဦးသာ ချစ်သူတွေဆိုတာကိုတွေးရုံနဲ့တင် သားရင်ထဲမှာ ဘယ်လိုမှန်းမသိဘူး နေရခက်လိုက်တာ ဦး...အလင်းရောင်သူ့ရဲ့ စိတ်ကို ငြိမ်ငြိမ်ထားလိုက်ကာ
သား ထွက်လာတာကြာပြီဆိုတော့ အခုချိန်
ဦးနဲ့ဟိုမမ မရှိလောက်တော့ပါဘူးနော်..ထိုစဉ်
အလင်းရောင်ရဲ့ဖုန်းကVibrateသံကြောင့်အလင်းရောင် သူ့ရဲ့ဘောင်းဘီထဲမှာ ထည့်ထားသော ဖုန်းကို ကြည့်လိုက်တော့ အကိုရန်နိုင်နဲ့ ကိုခန့်တို့သူ့ကိုဖုန်းခေါ်ထားသည်မှာ ၁၀ခေါက်ထပ်မနည်းပေ
ခဏကအတွေးလွန်နေခဲ့သည်ကြောင့် Vibrateဖြစ်သွားမှန်းတောင်သတိမထားမိခဲ့သား ထွက်လာတာကြာပြီဆိုတော့ အကိုရန်နိုင်တို့စိတ်ပူတော့မှာပဲ ခဏနေသားကိုမတွေ့လို့လိုက်ရှာနေအုံးမယ် အကိုရန်နိုင်ကို ဖုန်းခေါ်လိုက်မှပါလေ
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romanceဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️