ဦးရဲ့ကလေးငယ်❤️Ep-10❤️

4.8K 228 16
                                    

#Unicode

**ရှိုင်း ကလေးငယ်ကို ရှိုင်းရဲ့စံအိမ်ကိုခေါ်လာကထဲက
  အပြင်ထွက်ခွင့်မပေးဘဲ အိမ်မှာဘဲနေခိုင်းထားတာကြောင့်

ကလေးငယ်ပျင်းနေမှာဆိုးလို့  ကလေးငယ်ကို သူ့ရဲ့ မိဘအိမ်နဲ့  အပြင်ခဏခေါ်သွားပေးဖို့ ရှိုင်း   ဆေးရုံကနေ  စံ အိမ်ကို ပြန်လာခဲ့တယ်

ရှိုင်း စံအိမ်ကိုရောက်တော့ အကုန်လုံးက ရှိုင်းထင်နေသလို မဖြစ်ခဲ့ပေ...

[အခု ကလေးငယ်က ရှိုင်း အမုန်းဆုံးလူဖြစ်တဲ့   ဦးမင်းခန့်ဆိုတဲ့ လူနဲ့  ဖုန်းခိုးပြောနေတာတဲ့ လား......]

ထို့ကြောင့် ရှိုင်း အရမ်းစိတ်တိုကာ  ကလေးငယ်အပေါ်လက်ပါမိသွားတယ်....

အလင်းရောင် မင်းက အခုငါမသိအောင် ဖုန်းခိုးပြောရဲတယ် ပေါ့ ...ဘာလဲ မင်းကငါစံအိမ်မှာ မရှိတဲ့အချိန်တိုင်း အခုလို  ဖုန်းခိုးပြောနေတာလား....

ဆိုပြီး  ရှိုင်းအလင်းရောင်ရဲ့ ပါးတစ်ဖက်ကို အားပြင်းပြင်းနဲ့တချက်ရိုက်ချလိုက်တယ်...

အလင်းရောင် သည် ရှိုင်း  ရိုက်လိုက် လို့နာ သွားတဲ့သူ့ရဲ့ ပါးပြင် ကို ကိုင်ပြီး  ရှိုင်းကို အရည် လဲ့နေသော မျက်လုံးဝိုင်းလေး နဲ့ကြောင်ပြီး ကြည့်နေမိတယ်

**သားလေ ဦးအခုလိုမျိုးဒေါသ ထွက်တာ တစ်ခါမှ မမြင်ဖူးဘူး.....ဦး ရဲ့ လည်ပင်းနားက အကြော  တွေတောင်ထောင်နေပြီး  မျက်လုံး ထောင့်နားမှာ လည်း အနီရောင် သန်းနေတယ် ပြီးတော့ ဦးရဲ့ခေါင်းပေါ်မှာလည်း ပတ်တီးနဲ့ ဦး  အပြင်မှာ ဘာဖြစ်ခဲ့တာလဲ****

ရှိုင်း သည် သူမေးတာ ကိုပြန်မဖြေဘဲ သူ့ကို ပြိုကျတော့မဲ့ မျက်ဝန်းလေးနဲ့ ကြောင်ကြည့်နေတဲ့ ကလေးငယ် ကြောင့်ရှိုင်းရဲ့ စိတ်တိုမှု့တို့ က ပိုတိုးလာခဲ့တယ်..

အလင်းရောင် ငါမေးနေတာဖြေ ....ဘာလို့ ငါမသိအောင် ဖုန်းပြောရတာလဲ ဟမ်... မင်းကို ငါဖုန်းပြောလို့ ရတယ်လို့ပြောထားလို့လား....

ဟို..သားတောင်းပန်ပါတယ်.......

ငါ  မင်းကို တောင်းပန် ခိုင်းနေတာ မဟုတ်ဘူး...မင်း ကို ဖုန်းပြောလို့ရတယ် လို့ငါပြောထားလားဆိုတာကိုဘဲ ဖြေ ခိုင်းတာ....

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now