#Unicode
အလင်းရောင် မနက်ကဆေးသောက်ထားတာရော ငိုထားတာကြောင့်ပါ နှစ်ခြိုက်စွာအိပ်ပျော်သွားပြီး နေ့လည်ပိုင်းရောက်မှ တစ်ရေး နိုးလာသည်...
အလင်းရောင် နိုးလာလာခြင်း ဦးကို ရှာကြည့်ပေမယ့်မတွေ့တာကြောင့် စိတ်ထဲမှာအ လိုမကျဖြစ်ကာ ဝမ်းနည်းလာ တယ်..
ထိုအချိန် အလင်းရောင် ကုတင်ဘေးနားမှာတင်ထားတဲ့နာရီကိုတချက်ကြည့်လိုက်မိတော့ ၂နာရီထိုးဖို့နီနေပြီ.....
ဒီအချိန်က ဦးအလုပ်ထဲမှာ အလုပ်လုပ်နေမဲ့ အချိန်ဘဲလေ..သားက ဘာလို့ဦးကို မျှော်နေရမှာလဲ...သားက ဦးအတွက် ဘာမှမဟုတ်တာ....
အလင်းရောင် တတွတ်တွတ်ပြောနေရင်း သူ့ခြေထောက်နားက အပူလောင်ကာ အရေပြားလန်နေသော ဒါဏ်ရာကို မေ့ပြီး ကုတင်ပေါ်ကနေ ဆင်းကာ ရုတ်တရက်ထရပ်လိုက်တာကြောင့်..
အား...ကျွတ်..ကျွတ်....
အလင်းရောင် သူ့ရဲ့ခြေထောက်ကိုကြည့်ပြီး...
ဟူး...ဘာပဲလုပ် လုပ်အဆင်ကိုပြေမနေဘူး...
ဟုဆိုကာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီးရေချိုးခန်းထဲဝင်သွားလိုက်တယ်...ကြီးမေ..သားအလင်းရောင်ကိုနှိုးဖို့အတွက် အပေါ်ထပ်ကိုတပ်ဖို့ လုပ်နေစဉ်....လှေကားလက်ကိုင် ကို ကိုင် ကာဆင်းလာသော သားအလင်းရောင်ကိုတွေ့တော့...
သားအလင်းရောင်ရယ် နိုးရင် လည်းကြီးမေကို လှမ်းခေါ်လိုက်တာမဟုတ်ဘူး.....ဘာလို့အောက်ထိဆင်းလာနေသေးတာလဲခြေထောက်က နာနေတာကို... အိပ်ခန်းထဲမှာဘဲနေနေတာ မဟုတ်ဘူး...
ကြီးမေကလည်း သားကို လူနာတစ်ယောက်လိုဆက်ဆံနေသေးတယ်...သားက ဘာမှမဖြစ်ပါဘူးခြေထောက်ကနည်းနည်းလေး အရေပြားလန်သွားတာဘဲရှိတာကို...
သား ကအခုဗိုက်ဆာလို့ဆင်းလာတာ...အလင်းရောင် ကြီးမေကို ပြောလည်းပြောရင်း ထမင်းစားခန်းထဲကို ဝင်ကာ လေးထောင့် ပုံစံထမင်းစားပွဲဘေးက ခုံပေါ်ထိုင်လိုက်တယ်...
အဲဒါဆို ကြီးမေ သားစားဖို့အတွက်ဆန်ပြုတ် သွားယူလိုက်အုံးမယ်....
အလင်းရောင် ကြီးမေရဲ့ဆန်ပြုတ်သွားယူလိုက်အုံးမယ်ဆိုတဲ့စကားကိုကြားတော့နှာခေါင်းရှုံလိုက်ပြီး...
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romanceဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️