Unicode
မနက်၂နာရီ
ကိုကို ကို မုန်းတယ်..
ရှိုင်း လေယာဉ်လက်မှတ်ကိုင်ကာ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ဖုန်းကြည့်နေစဉ် Babyရဲ့ အသံကိုကြားတော့ ရှိုင်း အသံလာရာကိုလှည့်ကြည့်မိသည်။
Baby ရှိုင်း နှုတ်ခမ်းလုပ်ရုံသာနာမည်ကို ရေရွှတ်လိုက်ပြီး သူ့ဆီကိုပြေးလာသော Babyဆီ ပြေးသွားလိုက်ကာ
Babyရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သည်။Baby ဘာလို့ပြေးလာတာလဲ ေချာ်လှဲပြီးတစ်ခုခု ဖြစ်သွားမှ ဖြင့်ကိုကို ရင်ကျိုးရချီရဲ့Babyရယ်
ကိုကို ကို မုန်းတယ် ကိုကို ပြောတော့ Baby ကိုတစ်ယောက်ထဲ မထားခဲ့ဘူးဆို အခု ကိုကို က Baby ရဲ့ အဝေးဆုံးကို ထွက်သွားတော့မှာ မလား။
*အဟင်း Baby ကိုယ့်ကို မုန်းလို့မရဘူး
လုံးဝကို မုန်းလို့မရဘူး Baby ပါးစပ်ကနေ ကိုယ့်ကို မုန်းတယ် ဆိုတဲ့စကား လုံးဝပြောခွင့်မရှိဘူး*ကိုကို က Babyဆီကနေ မုန်းတယ်ဆိုတဲ့စကားကြားရတာ ဟာ ကိုကိုရဲ့ နှလုံးသားတစ်ခုလုံးစုပ်ဖြဲခံလိုက်ရသလိုဘဲ ဆိုတာBabyမသိခဲ့လေသလား။
ရှိုင်း သူ့ရှေ့က မျက်ရည်လေးတွေဖြင့် သူ့ရင်ဘက်လေးကို ထုရိုက်ကာ ပြောနေသော Babyကြောင့် ရှိုင်း Baby ရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်ကာ Babyရဲ့ကိုယ်လေးကို သူ့ရဲ့ ရင်ခွင်ထဲဆွဲထည့်လိုက်သည်။
Baby အဲလို မထုရဘူးလေ Baby လက်လေးတွေ နာကုန်မှာပေါ့။ မငိုရဘူးလေနော် ။ ကိုကိုရဲ့ Babyက ငိုရင်ချစ်ဖို့မကောင်းတော့ဘူး ။ရှိုင်း ပြောလည်းပြောရင်း Baby ရဲ့ဖြူအုနေသော မျက်နှာပေါ်က မျက်ရည်တွေကို သူ့ရဲ့လက်ချောင်းတွေ ဖြင့် ဖိသုပ်ပေးနေသည်။
ကိုကို က တစ်ပတ်ဘဲ သွားမှာ
ကိုကို ပြန်လာခဲ့မယ် ကိုကို အဲမှာမဖြစ်မနေ သွား လုပ်ရမယ့်ကိစ္စရှိသေးလို့ပါနော်။အဟင့် ကိုကို တကယ်ပြောတာနော်
တကယ်ပါဗျာ
အဟင့်ကိုကို Babyရဲ့မွေးနေ့ အမှီ ပြန်လာခဲ့ရမယ်နော်
ကိုကို ကို သားစောင့်နေမှာနော်
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romanceဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️