ဦးရဲ့ကလေးငယ်❤EP-25❤

11.3K 303 157
                                    

"ဟင်ဒီနေရာကဘယ်နေရာကြီးလဲ"

သား အခုဘယ်ရောက်​​နေတာလဲ။ပြီးတော့ သားရဲ့ဘေးမှာ ဦးလည်းရှိမနေဘူး။ ကြည့်ရတာ ဦး ခုထိ သားကိုစိတ်ဆိုးနေတုန်းဘဲထင်တယ်။

ဦး သားကို မြန်မြန်လာခေါ်ပေးပါလား။ သားကြောက်တယ် သားဘေးမှာ ဘယ်သူမှလည်းရှိမနေဘူး။ပြီးတော့ သား
ရှေ့မှာရော ဘေးပတ်ပတ်လည်မှာပါ ဘာကိုမှ မမြင်ရဘဲ အဖြူရောင် ကြီးသာဖြစ်နေသည်။

အလင်းရောင် ထိုင်ချကာ ဒူးကို ပိုက်ရင်းဖြင့်ခေါင်းငုံ့ကာ ဦးအလာကို မျှော်နေစဥ်
ကလေးဆိုတဲ့ဦးရဲ့ အသံကြောင့် ဦးကို လိုက်ရှာနေပေမယ့် ဘယ်လိုမှရှာမတွေ့ဘဲ အဖြူရောင်တွေကသာ အမြင်အာရုံမှာ စိုးမိုးထားသည်။

ဒါပေမယ့်..

တဖြည်းဖြည်းနီးလာသော ကလေးဆိုတဲ့ခေါ်သံနှင့်အတူ ပေါ်လာသောဦးရဲ့ပုံစံကြောင့် အလင်းရောင် လန့်မိသွားသည်။
ဦးရဲ့ လက်ထဲမှာ ဓားတစ်လက်ကို ကိုင်ထားပြီး မျက်နှာနဲ့အကျတွေမှာလည်းသွေး တွေဖြင့်ပေကျံနေသည်။

ပြီးတော့ ဦးရဲ့ဘေးမှာပေါ်လာသော အရာသည်ကတခြားတော့မဟုတ် သူ့ကို ကိုကောင်းထက်ဇော်ပေးထားသော ခွေးလေး မဲလုံးပင်ဖြစ်သည်။ မဲလုံးရဲ့ ဗိုက်ပေါ်မှာသွေးကွက်တွေရှိနေပြီး ထိုသွေးတွေနဲ့ ဦးရဲ့အကျပေါ်က သွေးတွေက အတူတူပင်ဖြစ်နေသည်။

ဟင် မဟုတ်ဘူးနော်။ ဒါက အိမ်မက်လို့သားကိုပြောပါနော်။
သား သိတဲ့ဦးက အဲလောက်ထိမရက်စက်တတ်ပါဘူးနော်။
အဲဒါဦး လုပ်ထားတာမဟုတ်ဘူးမလား။

သူမေးတာကိုမဖြေဘဲ သူ့ကိုအေးစက်သော အကြည့်တွေဖြင့်သာ ကြည့်နေပြီးနောက် တဖြည်းဖြည်းနဲ့ပျောက်ကွယ်
သွားသော ဦးကြောင့် အလင်းရောင် ဦးကို အကျယ်ကြီးအော်ခေါ်နေမိသည်။

ဦး...

အလင်းရောင် အော်သံဖြင့် လန့်နိုးလာကာ ထ ထိူင်လိုက်သည်။ ပါးပေါ်က မျက်ရည်စတွေကို သုတ်ရင်းဖြင့်
အလင်းရောင်အခန်းထဲကိုကြည့်လိုက်ပေမယ့်မည်သူမှ ရှိမနေပေ။
ဘေးက နေရာကိုစမ်းကြည့်လိုက်တော့လည်း အေးစက်နေသည့်အိပ်ယာသည်သာရှိသည်။

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now