#Unicode
Memory ဆိုင်ကနေ ကြိုဆိုပါတယ်ရှင့်။
ကြိုတင် ဘိုကင်လုပ်ထားတာများရှိလား။
ရှိုင်းတို့ဆိုင်ထဲဝင်ဝင်ချင်း ဝန်ထမ်းကောင်မလေးရဲ့အချိုးမေပြသော စကားကြောင့် ရှိုင်း ထိုကောင်မလေးကို မျက်မှောင်ကြုတ်ပြီးတချက်ကြည့်ကာ ရှိတယ် ဦးရှိုင်းဆိုတဲ့နာမည်နဲ့ VVIP ခန်းတစ်ခန်းမှာထားပါတယ်။
ခဏစောင့်ပေးပါရှင့်။ဆိုကာ ထိုကောင်မလေးသည် ကွန်ပြူတာကိုနှိပ်ကာ စစ်ဆေးနေလေသည်။
ရှိုင်းကတော့ ထိုကောင်မလေးကို မဲ့ပြုံးဖြင့်သာကြည့်ရင်းဖြင့် ဘယ်လိုလဲရှာတွေ့လား။မင်း ရှာမနေနဲ့ မင်းတစ်သက်လုံးရှာရင်တောင် မင်းတွေ့မှာ မဟုတ်ဘူး။ကြည့်ရတာမင်း က လူသစ်ထင်တယ်။ကိုယ်အလုပ်လုပ်တဲ့နေရာက ဘယ်သူပိုင်တဲ့နေရာလဲဆိုတာကို အရင်ဆုံးမင်းစုံစမ်းထားဖို့လိုတယ်။
ထိုစဥ် မန်နေဂျာလို့ထင်ရသော ေကာင်မလေးတစ်ယောက်သည် ရှိုင်းဆီကို အမြန်လျှောက်လာကာ ရှိုင်းရှေ့မှာ ဥိးညွှတ်ရင်းဖြင့်
တောင်းပန်ပါတယ် ဦးရှိုင်း။ဒီတစ်ယောက်က ဒီနေ့မှအ
သစ်ရောက်ထားတဲ့တစ်ယောက်မို့လို့ ဦးရှိုင်းကို မသိတာပါ။ပြီးတော့ကျမ သူတို့ကိုပြောပြထားဖို့မေ့သွားလို့
ကျမဘဲ သူ့အစားတောင်းပန်းပါတယ်ရှင့် ဟုဆိုကာ ထိုကောင်မလေးသည် ဦးညွှတ်ရင်းဖြင့်သာဆိုနေလေသည်။Okဒီတစ်ခါတော့ရှိစေလိုက်တော့။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးရှိုင်း။ဦးရှိုင်းတို့အတွက် အခန်းတစ်ခန်းပြင်ဆင်ခိုင်းထားပြီးပါပြီ
ကျမ နောက်လိုက်ခဲ့ပါရှင့်။အလင်းရောင်ကတော့ သူ့ရှေ့က ဦးတို့ပြောနေတာတွေကို ဘာတစ်ခုမှနားမလည်တော့သလို ကျောက်ရုပ်ဖြစ်တာ ကြောင်ပြီးရပ်နေလေသည်။
ကလေး သွားရအောင်လေ။
ရှိုင်း ကားပေါ်ကနေ ဆင်းလာကထဲက ကလေးလက်ကိုမလွှတ်ပေးဘဲ တွဲထားသည်ကြောင့် ရှိုင်းအရှေ့တစ်လှမ်းလျှောက်လိုက်သော်လည်း ထိုကလေးငယ် က လိုက်မလာသည်ကြောင့် ရှိုင်း ကလေးငယ်ရဲ့ မျက်နှာ ကိုစိုက်ကြည့်ကာ
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romansaဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️