#UNICODE
ရှိုင်း ဟိန်းထက် အခန်းထဲက ထွက်သွားတဲ့ အချိန်ထဲက Baby ကို ဘာစကားတစ်ခွန်းမှမပြောသေးဘဲ ထိုင်ကြည့်နေတာ အချိန်ဘယ်လောက်ရှိသွားမှန်းတောင်မသိတော့ပေ....
Baby အခုလို ပုံစံအတိုင်းနေနေရတာ အရမ်းပင်ပန်းနေပြီလား..Babyကိုယ့်ဆီကနေ ထွက်သွားချင်ရင်တောင် ကိုယ်ခွင့်မပြုပေးနိုင်ဘူး....ကိုယ်အတတ်နိုင်ဆုံးBaby ကို သတိပြန်ရလာအောင်လုပ်မယ်..
ရှိုင်း ကုတင်ပေါ်မှာ အပြစ်ကင်းစွာ အိပ်နေသော baby ရဲ့မျက်နှာလေးကို ကိုင်လိုက်ရင်း Babyမှတ်မိသေးလား.. ကိုယ့်တို့အတူတူကစားခဲ့တဲ့အချိန်တွေ ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို....
Baby ကိုယ့်ကို အချိန်တိုင်းမေးတဲ့ Baby ရဲ့ဖေဖေက ဘယ်သူလဲဆိုတာကို ကိုယ်မဖြေချင်ခဲ့ဘူး..ဘာလို့လဲ သိလား..Baby ရဲ့အဖေက ကိုကို ရဲ့ မိသားစုလေးကို ပျက်စီးအောင်လုပ်ခဲ့တဲ့သူမို့....
ဒါပေမယ့် Baby သတိပြန်ရလာရင် ကိုယ်ပြောပြမယ် ..ဘယ်သူက Baby ရဲ့အဖေလဲဆိုတာ..အဲဒါကြောင့်အိပ်မနေနဲ့နော်...
ပြီးတော့ Baby အမြဲတမ်းပြောခဲ့တဲ့လေ ကိုယ့်ကို တစ်ယောက်ထဲမထားခဲ့ဘူးဆိုတဲ့စကားကို ကိုယ်နောက်ဆုံး အချိန် ထိယုံကြည်ချင်သေးတယ်...
ရှိုင်း Babyကို စကားပြောနေရင်းနဲ့ သူ့ရဲ့ရင်ထဲမှာ မွန်းကြပ်လာသလိုခံစားလာရတာကြောင့် ရှိုင်း အခန်းထဲက နေထွက်လာခဲ့ပြီး အခန်းရှေ့ကအစောင့်တွေကို Babyကိုသေချာစောင့်ကြည့်ဖို့မှာလိုက်သည်
သူကတော့ ဆေးရုံးရဲ့ခေါင်မိုးထပ်ကိုဆေးလိပ်သောက်ဖို့အတွက် ထွက် လာလေသည်..ဒါကလည်း ရှိုင်း အရမ်းစိတ်ရှုပ်ထွေးလာရင်း လုပ်နေတဲ့ သူ့ရဲ့ အကျင့်တစ်ခုပင်....
ရှိုင်း သည် လူရှုပ်တဲ့နေရာမှနေရတာ စိတ်ကျည်းကြပ်တာကြောင့်ဒီဆေးရုံရဲ့ ခေါင်းမိုးထပ်ကို ရှိုင်း Babyဆေးရုံတတ်တဲ့နေ့ကထဲက အပိုင်ဝယ်ထားလိုက်ပြီး ဒီနေရာကို သူ့နဲ့ ဟိန်းထက်က လွှဲရျ် ဘယ်သူမှ ဝင်လို့မရအောင်လုပ်ထားတာကြောင့် ဒီခေါင်းမိုးထပ်မှာ ဘယ်သူမှရှိမနေဘဲ ရှင်းလင်းနေလေသည်...
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Lãng mạnဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️