#Unicode
"မဟူရာစံအိမ်ရဲ့ ဧည့်ခန်းထဲတွင်.
မိန်းမတစ်ယောက်နဲ့ ထိုမိန်းမကြီးရဲ့ပေါင်ပေါ်မှာထိုင်ကာ မုန့်စားနေသော ကလေးငယ်တစ်ယောက် ထိုသူတွေကတော့ တခြားသူမဟုတ်ပေ ရှိုင်းရဲ့အမေ ဒေါ်ထိပ်ထားနှင့် ရှိုင်းနဲ့အမေတူ အဖေကွဲညီလေး မိုးခန့်တိမ်ယံပင်"ပြီးတော့ သူတို့ ရဲ့ မျက်နှာချင်း ဆိုင်မှာ ထိုင်နေကာထိုသူရဲ့ တင်းတင်းစေ့ထားသောနှုတ်ခမ်းနဲ့ အေးစက်ခက်ထန်သော မျက်နှာတို့က ထိုသူရဲ့ ခန့်ညားမှု့ကို ပိုပြီးတော့ ပေါ်လွင်စေပြီး အသက်ကြီးနေပြီးဖြစ်သည့် လူကြီးတစ်ယောက်ဟုပင် မထင်နိုင်ပေ ထိုသူကတော့မဟူရာစံအိမ်ရဲ့ သခင် ဦးစေတမန်ပင်ဖြစ်သည်
ထိုလူကြီး ရဲ့ဘေးမှာတော့ တင့်တယ် လှပစွာ ထိုင်နေပြီး သူတို့ရဲ့ စကားတွေကို သေချာ နားထောင်နေသော မိန်းမကြီးတစ်ယောက် ထိုသူကတော့ ဒီစံအိမ်ကြီးရဲ့ သခင်မကြီးဖြစ်တဲ့ ဒေါ်ဟေမာန်ထိပ်ထား..
ဒယ်ဒီ သားရှိုင်း ကဒီနေ့ပြန်လာမှာ ဆို ဟုတ်လား..
အင်း ..
အဲဒါကြောင့် သမီး ထိပ်ထားနဲ့ မြေးလေးတိမ်ယံက မြေးလေး ပြန်မလာခင် စံအိမ်ကနေ ပြန်လိုက်တော့..ဒါပေမယ့် ဒယ်ဒီ သမီး သားရှိုင်းကို အရင်တုန်းကမှားခဲ့တာတွေ အတွက် တောင်းပန်ချင်သေးတယ်..ပြီးေတာ့ သမီးက အရင်တုန်းကလို မဟုတ်တော့ဘူးလို့လည်း ပြောပြချင်တယ်
အရင်တုန်းကထဲက အခုလို စကားမျိုးတွေနဲ့ မြေးလေး ရှိုင်းကို တောင်းပန်ခဲ့ရမှာ
အခုအချိန်ကနောက်ကျ သွားခဲ့ပြီဆိုပေမယ့် အရင်ကထဲက တောင်းပန်ခဲ့ရင် မြေးလေးလည်း ဂျပန်ကို ထွက်သွားခဲ့မှာမဟုတ်ဘူး.သမီးတောင်းပန်ချင်ရင်တောင် အခုက အချိန်ကောင်းမဟုတ်သေးဘူး သမီး..မြေးလေးရဲ့ စိတ်ထဲမှာ ရှိနေသေးတဲ့ နာကျည်းမှု့တွေကို အရင်ပျောက် ကွယ်သွားအောင် သမီး ထိပ်ထားလုပ်ပေးရမယ်..ဒါကလည်း ဒယ်ဒီလုပ်ပေးလို့ရတာမျိုးမဟုတ်ဘဲ သမီးကိုယ်တိုင်လုပ်ပေးမှ ရမှာ
အခုတော့ ပြန်လိုက်တာကောင်းမယ် နောက်ရက်မှဘဲ ပြန်လာခဲ့တော့ သမီးလေး ထိပ်ထား..
YOU ARE READING
ဦးရဲ့ကလေးငယ်💓💓
Romansaဒါက ကျနော်ရဲ့ ပထမဦးဆုံး OC Fic ဖြစ်တဲ့အတွက်လို အပ်ချက်များစွာ ရှိနေပါတယ် ကျနော်အကောင်းဆုံးကြိုးစားပြီးတော့တင်ပေးပါ့မယ် ဒါကြောင့် သည်းခံပြီးတော့ ကျနော်ရဲ့ Fic လေးကိုဖတ်ပေးကြဖို့ မျှော်လင့်ပါတယ်🙏🙏❤️