❤️ဦးရဲ့ကလေးငယ်Ep-18❤️

3.8K 167 27
                                    


#Unicode

"သားအလင်းရောင် ထတော့လေ"

သားအလင်းရောင် မနက်၈နာရီထိုးနေပြီ ထတော့

"အလင်းရောင် အိပ်ပျော်နေတုန်းသူ့ဘေးနားကနေ သူ့ရဲ့နာမည်ကိုခေါ်နေတဲ့အသံကိုကြားတော့ မျက်လုံးမဖွင့်သေးဘဲ.."

"မေမေကလည်း သားအိပ်ချင်သေးတယ် သားမနေ့ညက ကောင်းကောင်းမအိပ်ရသေးဘူး"

အလင်းရောင် မျက်လုံးမဖွင့်ဘဲ ပြောချင်ရာကိုသာပြောပြီးဟိုဘက်ကို ပြန်လှည့်အိပ်သွားတာကြောင့် ကြီးမေ မှာဆက်နှိုးရမှာလား မနှိုးရဘူးလားလို့ စဉ်းစားရခက်နေတုန်း

စောင်ပုံထဲကနေ ရုတ်တရက် ထထိုင်လိုက်တဲ့ သားအလင်းရောင်ကြောင့် ကြီးမေမှာ လန့်သွားကာ သူ့ရဲ့ညာဘက်လက်လေးကို ရင်ဘက်ပေါ် ဖိထားလေသည်

"သားအလင်းရောင် ရယ်ဖြေးဖြေးထပါ ကြီးမေမှာလန့်လို့သေတော့မယ်."

အာ ကြီးမေ သားတောင်းပန်ပါတယ်နော်
သားက သားရဲ့အိမ်မှာလို့ထင်နေတာအဲဒါကြောင့်. ကြီးမေလာနိုးတာကို သားရဲ့မေမေ ထင်ပြီးပြောလိုက်မိတာပါ ဆိုပြီးအလင်းရောင် ခေါင်းငုံ့ကာ ကြီးမေကိုပြောလေသည်

ကြီးမေ သူ့ရှေ့က ဆံပင်စုပ်ဖွားလေးနဲ့ ခေါင်းငုံကာထိုင်နေသော သားအလင်းရောင်ကို ကြည့်ပြီး ဝမ်းနည်းနေလေသည်ဒီကလေးလည်း သူ့အိမ်ကိုလွမ်းရှာမှာပေါ့

ပထမ တစ်ခေါက်ဖုန်းခိုးဆက်တာကိုမိပြီး ကထဲက သားအလင်းရောင်က. အိမ်ကိုဖုန်းဆက်ဖို့နောက်ထပ်ပြောမလာတော့

သားအလင်းရောင် ထပြီးမျက်နှာသစ်တော့ ကြီးမေ အောက်ထပ်မှာ မနက်စာ ပြင်ထားပေးမယ်
ဒီနေ့သားက အောက်ထပ်ကို မဆင်းလာတော့ သား ဟိုနေ့ကလို ဗိုက်နာ နေလို့အောက်မဆင်းလာဘူးထင်လို့ ကြီးမေလာကြည့်တာ

အာ သားတောင်းပန်ပါတယ်နော် ကြီးမေ
သားကြောင့် ကြီးမေ အပေါ်ထပ်ကိုတတ်လာရပြန်ပြီ

ရပါတယ် သားရယ် ဒါကလည်း ကြီးမေတို့လုပ်ရမယ့်အလုပ်ဘဲလေ အခုတော့ရေမိုးချိုးတော့ ကြီးမေလည်း အောက်ထပ်ဆင်းတော့မယ်

ဦးရဲ့ကလေးငယ်💓💓Where stories live. Discover now