သံလိုက်တစ်ခုလိုမျိုး ဆွဲငင်နေတဲ့ ထိုသားအဖရဲ့ဆွဲအားတွေကြောင့် ဖန်းဂူ ပိုပိုပြီးသံသယဝင်လာခဲ့တယ် … နီးနီးကပ်ကပ်နေလိုက်ရတဲ့ ရက်ပေါင်းအနည်းငယ်အတွင်းမှာ သူတို့ရဲ့တွေ့ဆုံမှုက ပထမဆုံးအကြိမ်မဟုတ်သလို ရင်းနီးကြွမ်းဝင်လွန်းလှတယ် …
အိုမီဂါဖယ်ရိုမုန်းတွေမရရှိပေမဲ့ ကလေးလေးကိုယ်ကရတဲ့အငွေ့အသက်တွေက ဘီတာတစ်ယောက်နဲ့မတူနေပဲ ဖန်းဂူကိုနွေးထွေးမှုအပြည့်ပေးနေတယ်လို့ခံစားနေရတယ် …
အရင်ကဘယ်အရာကိုမှအစွဲအလမ်းမရှိခဲ့သလို အိုမီဂါတွေစွဲဆောင်တာတောင်မှ တုတ်တုတ်မလှုပ်ပဲ တောင့်ခံထားနိုင်တယ် … ခုအသက် ၃၀ ကျော်မှ ဘီတာတစ်ယောက်အပေါ် ထူးချားနေတဲ့ ကိုယ့်စိတ်ကိုမယုံကြည်နိုင်ဘူး … အထိအတွေသေးသေးလေးနဲ့တောင်ထန်လာပြီး နွေဦးအိမ်မက်တွေထဲမှာပါထည့်မတ်တယ်ဆိုတော့ သူ့ပုံစံကနှာဘူးတစ်ယောက်နဲ့တောင်တူနေပြီ … ပြီးတော့ ထိုကောင်လေးမှာအိမ်ထောင်ရှိလို့ ကလေးလေးလဲရှိနေပြီ … ဒါက ဘယ်လိုမှမဖြစ်သင့်ဘူး …
" သခင် "
ချူးရှန့်ခေါ်လိုက်တော့မှ ဖန်းဂူအသိပြန်ဝင်လာခဲ့တယ် … မနေ့ညကစိတ်လှုပ်ရှားပြီးအိမ်မက်တွေပါကောက်မက်တယ် … သူနဲ့ထိုသားအဖက ပင်လယ်ကိုခရီးထွက်နေပြီး ကလေးလေးကကမ်းစပ်မှာပြေးလွှားနေပေမဲ့ သူနဲ့ထိုကောင်လေးကတော့ တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ပြီးအနမ်းတွေပေးနေကြတယ် …
ဒါကလက်တွေ့လိုပဲ ထိုအနမ်းရဲ့အရသာကို ရှင်းရှင်းလင်းလင်းခံစားမိနေတယ် … သူတကယ်ကို တစ်ယောက်ယောက်နဲ့ နမ်ခဲ့ဖူးသလိုပဲ … ထူးခြားတဲ့မိမိစိတ်ကိုနားမလည်နိုင်ပေမဲ့ ဒီစိတ်ကူးယဉ်နွေးထွေးမှုလေးကလဲ သူ့စိတ်ကိုလုံခြုံသွားသလို ခံစားရစေတယ် …
" သခင် အဆင်သင့်ဖြစ်ပြီ … ကျွန်တော်ကားပြင်ပေးထားတယ် "
သာမန်လူတန်းစားတွေအများဆုံးရှိတဲ့နေရာဖြစ်တဲ့ ကစားကွင်းကိုသွားမှာမို့ နောက်ဆုံးပေါ်အနီရောင်ကားကြီး စီးသွားလို့လဲမဖြစ်ပြန်ဘူး … ခုချိန်မှာ နာမည်ကြီးနေတဲ့ SH ရဲ့ ဥက္ကဌကို လူတိုင်းကသိနေ၍ ဖန်းဂူ ရုပ်ဖျက်ဖို့အတွက် ပေါ့ပါးတဲ့ ရှပ်လက်ရှည်အနက်ရောင်တစ်ထည်နဲ့ အားကစားဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ပြီး ဆံပင်တွေကိုအရှေ့ကိုချထားလျှက် မျက်မှန်တစ်လပ်ကောက်တပ်လိုက်တယ် …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein