သူတို့အလောင်းအစားလုပ်ထားတာမှာ မင်းယွီတစ်ပတ်ကျော်သည်ထိ အလုပ်မထွက်ရ၍ ချူးရှန့်ရှုံးသွားလေတယ် ...
" လက်ထောက်ချူး ...ကျွန်မတို့ရဲ့ဆုကြေးဘယ်မှာလဲ "
" နေပါဦး ... ငါ့မှာ အဲ့လောက်အများကြီး တစ်ခါတည်းပါမလာဘူး "
" မရဘူးနော် ... ဒီညနေပဲ ကျွန်မတို့ ကလပ်သွားပြီးအောင်ပွဲခံမို့လုပ်ထားတာ ... ဒီငွေက လက်ထောက်ရဲ့ လစာတစ်ဝက်ပဲရှိတာကို "
" အေးပါ ... ငါပေးပါ့မယ် ... ဒါပေမယ့် ကျန် ၂ ယောက်က ဘယ်ရောက်သွားပြီလဲ "
" သူတို့လား ... ရှုံးလို့ ချောင်ထဲမှာသွားပုန်းနေလောက်ပြီ "
ချူးရှန့်တစ်ယောက် လစာရဲ့တစ်ဝက်ကို လောင်းကစားရှုံးသွားတဲ့အတွက် ပေးလိုက်ရလေတယ် ... ထိုအခါ ဘေးနားမှာပါလာတဲ့ ရှန်ဝေက ချူးရှန့်နား တိုးတိုးလေးကပ်ကာ မေးလိုက်တယ် ...
" အကိုက အရမ်းရက်ရောတာပဲ ... ဒီလောက်အများကြီးကို ဘာလို့ပေးလိုက်တာလဲ "
" ကျေးဇူးရှင်ကြီးရဲ့ကောင်းမှုကြောင့် အလောင်းအစားလုပ်တာ ရှုံးသွားတယ်လေ ... ငါ့မှာဒီတစ်လလစာသုံးဖို့မကျန်တော့ဘူး "
" ဟား ... ဒါဆိုကျွန်တော့ကိုပေးဖို့ရော မရှိတော့ဘူးပေါ့ "
" သခင့်ဆီကတောင်းပေးမှာမို့ မပူနေနဲ့ "
ရှန်ဝေဟာ ယခင်ကလို ချူးရှန့်အနောက်တကောက်ကောက်လိုက်ရင်း သူ့ရဲ့အချိန်တွေကိုဖြုန်းတီးရတာ နှစ်သက်နေတယ် ... ခု လုယီလေးကို Pre-School ကိုပို့ထားတာမို့ ရှန်ဝေက ချူးရှန့်နဲ့အတူ အလုပ်ကို လိုက်လာခြင်းဖြစ်တယ် ...
ဓာတ်လှေကားအဝင်ဝမှာရပ်နေပြီး ၁၈ ထပ်ကိုသွားဖို့စိတ်ကူးထားပေမဲ့ ရုတ်တရပ် ရှန်ဝေသူနဲ့သိတဲ့လူတစ်ယောက်ကိုမြင်လိုက်ရ၍ အံ့ဩသွားလေတယ် ...
" ဆောင်းယွန်ဆွန်း "
" နင် ... ရှန်ဝေမဟုတ်လား "
ဆံပင်ဂုတ်ဝဲလေးနဲ့အနီရောင် ဂါဝန်အတိုလေးကိုဝတ်ထားပြီး လှပတဲ့သူမခြေထောက်တွေကိုဖော်ပြထားကာ ကြည့်ယုံနဲ့ မော်ဒယ်တစ်ယောက်ဆိုတာသိနိုင်တယ် ... သူမက ရှန်ဖန်းဂူရွေးချယ်ထားတဲ့ SH ရဲ့ပင်တိုင်မော်ဒယ် ဆောင်းယွန်ဆွန်းဖြစ်ပြီး သူမရဲ့ကျော်ကြားမှုကလဲ မသေး၍ ချူးရှန့်ချက်ချင်းမှတ်မိသွားတယ် ... သို့ပေမဲ့ရှန်ဝေနဲ့သူနဲ့က ဘာကြောင့်အရမ်းရင်းနီးတယ်လို့ ခံစားနေရတာပါလိမ့် ...

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein