Chapter - 68

40.1K 4.7K 834
                                    

ထိုနေ့ပြီးတဲ့နောက် လုယီလေးတို့သားအဖနဲ့ ဖန်းဂူ သိသိသာသာကြီး ခင်မင်လာတော့ ချူးရှန့်ရော ရှန်ဝေပါ အံ့ဩကုန်ကြတယ် ...

သူတို့ရဲ့နေ့ရက်လေးက တစ်ဖြေးဖြေးသာယာလာပြီး အတိတ်တွေမမှတ်မိတာတောင်မှ သံယောဇင်ငြိသွယ်နေပုံက အနားကလူတွေကိုပင် အားကျစေတယ် ...

SH ရဲ့ ကုန်တိုက်သစ်ဟာ ထင်ထားတာထက်ပိုပြီးအောင်မြင်၍ အသစ်ထုတ်သမျှပစ္စည်းတိုင်းဟာလဲ ရောင်းအားနံပါတ်တစ်နေရာမှာ ရှိသည်ကြီးပင် ... ထိုအရာက တဖက်ကပြိုင်ဘက်တွေကို ပို၍ဒေါသဖြစ်စေတယ် ...

ရှန်ဖန်းဂူဟာ အလုပ်ကိစ္စနဲ့ပတ်သပ်ရင်တိကျသေချာပြီး အရာရာမှာထူးချွန်သူမို့ ချူးရှန့် ဒီရက်ပိုင်း သခင်ကိုမင်းယွီလက်အပ်ပြီး ရှန်ဝေနဲ့အတူ အမှောင်ဘက်ကို တစ်ညအိပ်ခရီးထွက်ခွာလာခဲ့တယ် ...

" ချူးချူး ... နင်ပေါ်လာသေးတယ်နော် "

" ယာယာ နင်ကငါတို့ကိုအဆက်အသွယ်မလုပ်ပဲ ဘာတွေများအလှုပ်ရှုတ်နေတာလဲ "

ချူးရှန့်နဲ့ရှန်ဝေရောက်လာတော့ ယာရှာက ထွက်ကြိုပြီး သူမပုံစံက အရင်ကနဲ့မတူပဲ နေတတ်ထိုင်တတ်လာပုံက ချူးရှန့်ကိုသံသယတိုးစေတယ် ...

" ဟေး ... အယ်ဖာအမ ... မင်းရဲ့မိတ်အိုမီဂါ ရှာတွေ့ပြီလား "

ထိုအခါသူမက အရှိုက်မိသွားသည့်နယ် ရှက်သွားပြီး ...

" နင်ဘာပြောလိုက်တာလဲ ... အသက် ၃၀ ပြည့်တော့မဲ့နင်ကရော တွဲဖက်မရှာသေးဘူးလား "

ရှန်ဝေကဝင်ပြောလိုက်တယ် ...

" အကိုက မိန်းမမယူပါဘူး ... ကျွန်တော်နဲ့တူတူ လူပျိုကြီးလုပ်မှာ "

ထိုအခါ ချူးရှန့်က ...

" သူပြောသလိုပဲ ... ငါ့မှာ သခင့်ရဲ့ကလေးကိုလဲထိန်းပေးရအုံးမယ် ... မိန်းမယူဖို့အချိန်မရှိဘူး "

ပြီးနောက် ယာရှာက မင်းယွီတို့အကြောင်းမသိသေး၍ ချူးရှန့်က ပြောပြလိုက်လေတယ် ... ဒီနှစ်တွေမှာ သူမလဲ သခင်မရှိခိုက် လက်နတ်တိုက်ကိုပိတ်ထားရပြီး သူမရဲ့မြို့မှာ အတော်ကြားနေနေခဲ့တယ် ...

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum