02

1.7K 202 9
                                    

Unicode

ညစာစားပြီး၍ လွန်းဆက်နှင့် မာန်ဟန်ဇာန် ကသာ
ပန်းကန်တို့ကို သိမ်းဆည်း‌ဆေးကြော ရ၏ ။
ဘေစင်တွင် ပန်းကန်ဆေးနေစဉ် ထမင်းစားပွဲကိုရှင်းနေသော
မာန်ကစကားစလာသည် ။
သူသည် ညစာစားတည်းက ငြိမ်နေတာဖြစ်၏ ။

“လွန်းဆက်... ရန်ကုန်မှာတက္ကသိုလ်တက်မယ်ဆို ”

လွန်းလည်းဆေးလက်စ ပန်းကန်တို့ကို အာရုံစိုက်ရင်း အနောက်လှည့်မကြည့်ပဲ
ပြောလိုက်၏ ။

“အင်း.. ရန်ကုန်မှာဒေါ်လေးရှိတယ်လေ ”

မာန်ဟန်ဇာန် စကားမဆက်တော့ပေ ။
မာန်ကခဏအကြာ စားပွဲအကုန်ရှင်း၍ ထကာ ဧည့်ခန်းရှိ အမေနှင့်ညီမလေးတို့ဆီသွား၍...

“မွေးစားအမေ ကျွန်တော်ပြန်ပြီ ၊
ညီမလေးရှုမဝ ..ကိုကြီးပြန်ပြီနော် ”

မာန်ကအမေနှင့်ညီမလေးကိုသာ နှုတ်ဆက်ကာ ပြန်သွားခဲ့သည် ။
အမေနှင့်ညီမလေးတို့က အံ့ဩစွာလွန်းကိုကြည့်တော့ လွန်း..ပခုံးကို တွန့်ကာ  လွန်းကိုယ်ပိုင်အခန်းသို့သာ ပြန်ခဲ့တော့သည် ။

🍃🍃🍃🍃

လအနည်းငယ်ကြာပြီးတော့ လွန်းဆက်
ရန်ကုန်သွားဖို့ပြင်ရသည် ။
ယနေ့ညကားနှင့် သွားရမှာဖြစ်၏ ။
အောင်စာရင်းထွက်ပြီးတည်းက ပေါ်မလာတော့သော မာန်သည် မနေ့ညက ရောက်လာခဲ့ပါ၏ ။
‘မကြာမကြာလာလည်မယ် ၊ ဂရုစိုက်သွား ’ ဟုသာ ပြောပြီး လက်ဆောင်အချို့ပေးကာ ပြန်သွားပါ၏ ။

လွန်းဆက်ကကိုယ့်ကိစ္စမဟုတ်လျှင် ဂရုမစိုက်တတ်သောကြောင့် မာန်ဟန်ဇာန် ဘာကိုစိတ်ဆိုးနေသလဲ မခန့်မှန်းတတ်ပါ ။
လွန်းဆက်အမှားလည်းမဟုတ်တာကြောင့် စိတ်မဝင်စားတော့ပဲ  လိုအပ်သည့် စာရွက်စာတမ်းအချို့ကိုသာပြင်ဆင်လိုက်သည် ။

“ ဘွဲ့ရတာနဲ့အမေနဲ့ညီမလေးအနားမှာပဲ
နေရတော့မှာ လေးနှစ်ပဲ သည်းခံလိုက် နွေယံလွန်းဆက် ”

သွားဖို့ စိတ်မပါသော်လည်း အမေ့ဆန္ဒကြောင့် လွန်းဆက်အားတင်းကာနေတော့၏ ။
အင်း.... လူတစ်ယောက်ကိုလည်းရှာရဦးမည် ။

🍃🍃🍃🍃

အမေနှင့်ညီမလေးတို့ကို နှုတ်ဆက်ပြီး
Express ကားဝင်းထဲသို့ လွန်း အိတ်နှစ်ခုဆွဲရင်း ဝင်သွားခဲ့သည်။

ကားပေါ်တက်ကာ သူ့ခုံနံပါတ်ကြည့်မိတော့ 12 ။
ညာဖက်တန်း ကားမှန်ဘက်ဖြစ်သည် ။
ချက်ချင်းဝင်ထိုင်လိုက်ရင်း ဝတ်ထားသော ‌အနွေးထည်အကျီမှ ခေါင်းစွပ်ကိုစွပ်လိုက်ကာ နားကြပ်ဖြင့် သီချင်းအေးအေးတစ်ပုဒ်ကို ဖွင့်ပြီး ကားမှန်ကနေ အပြင်ဖက်ကို ငေးနေမိ၏။

All We Have Is Now (Completed)Where stories live. Discover now