13*

1.3K 139 13
                                    

(Warning : don't read under 18)

Unicode

“လျှန်မင်း ”

“ခင်‌ဗျာ ”

နှစ်ရက်လောက် လိုက်ရှာပြီးတဲ့အခါမှာတော့ တွေ့ပြီလေ သကောင့်သားက ရန်လင်းအကူအညီနဲ့ မန္တလေးမှာပုန်းနေသတဲ့ ။

“မင်းအပြစ် မင်းသိလား ”

“မသိပါဘူး ခင်ဗျာ...အာ့ ”

သူ့အမှားသူမသိချင်ယောင်ဆောင်နေသော လျှန်မင်းကို တစ်ချက်လောက်ပိတ်ရိုက်လိုက်၏။
ထိုအခါ ထိုကောင်က ရူးရူးရှဲရှဲနှင့်...

“ကန်စွန်းရွက်ကြော်ပဲစားထားရတာ
မမေ့သေးဘူး၊ အောင်သွယ်တော်ကို သတောင်းစားလိုဆက်ဆံထားတာနော်
ဦးလေး”

“အော် ဒါဆိုဒီCafeဆိုင်က ခွေးကောင့်ဟာလဲ ”

“ကျွန်တော်ခွေးဆို ၊ ဦးလေးလည်းခွေးပဲ  ”

နောက်တစ်ခါထပ်‌ရိုက်ဖို့ပြင်တော့ လျှန်မင်းက တန်းနေအောင် Caféဆိုင်က ပြေးထွက်သွားပါလေရဲ့ ။

ပြောရခက်တဲ့ကောင်ပဲ ။

ဈာန်ရှင်းလည်း ရန်ကုန်ပြန်ရတော့မည် ။
ဟိုကလေးကိုတစ်ယောက်တည်းထားခဲ့ရတာ ။
ဦး...ပြန်မလာသေးဘူးလားဆိုပြီး ဖုန်းတွေဆက်ထားတာလည်းမနည်း ။
စာပို့ထားတာတွေရော...
ဒါတောင် ခုနကမှ မန္တလေးကိုရောက်လာတာ
အခု‌ပြန်ရတော့မည် ။ ဈာန်ရှင်းလည်း ဟိုကလေးကို လွမ်းနေပြီ...

ဘယ်လောက်ပဲ ပင်ပန်းနေပါစေ လွန်းလွန်းအကြောင်းတွေးမိတော့ ခန့်ချောချောမျက်နှာ‌က ပြုံးခနဲ...။

##############

“ကျွီ... ”

“‌ ဟေ့ကောင် ‌ေ-ာက်လုံးကန်းနေလားကွ ”

ဦးလေး ဈာန်ကို ‌လန့်နေလို့ မြန်မြန်ပြေးထွက်ကာမှ အကွေ့တစ်ခုရောက်တော့ အရှိန်ထိုး မောင်းလာတဲ့ ဆိုင်ကယ်...

သွားပြီ ။
ရုတ်တရက် ‌လန့်သွားမိကာ လဲကျသွားတော့
ခြေကျင်းဝတ်လည်သွားသည်ထင် ..
ထ လို့မရတော့ ။

တိုက်လိုက်တဲ့ တရားခံက လာကူပေးဖို့မပြောနဲ့
ဆိုင်ကယ်ပေါ်မှာအခန့်သား ။

All We Have Is Now (Completed)Where stories live. Discover now