Ending

1.9K 143 3
                                    

Unicode

“ဦးဈာန်..ဒီနေ့ ကျွန်တော်
ဘွဲ့ယူတဲ့နေ့လေ...အကုန်အဆင်ပြေတယ်... ဦးမရှိတာကလွဲလို့ ”

ကျောင်းက ရောက်ရောက်ချင်း အဝတ်အစားလဲပြီး ဦးဈာန်ရှိရာ အပြေးလာခဲ့တဲ့ လွန်လွန်းရယ်ပါ ။
ဦးဈာန်က ကိုမာဝင်နေတာ သုံးနှစ်ကျော်နီး‌ပါးလောက်ရှိပြီ ။
ဒီနှစ်တွေထဲမှာ ဦးဈာန်ကို တစ်ရက်မပြတ် လွန်လွန်းလာတွေ့သည် ။ သူကတော့ အခုထိ အိပ်နေရာက မနိုးထလာသေး... သုံးနှစ်ကျော်ဗျ သုံးနှစ်ကျော် ။ ခင်ဗျား ကျွန်တော့်ကိုပစ်ထားတာ သုံးနှစ်ကျော်လေးနှစ်နီးပါးရှိပြီ ။
ကျွန်တော်က ခင်ဗျားကိုတစ်ပတ်လောက်ပဲ ပစ်ထားခဲ့မိတာ... ခင်ဗျားက ပြန်ပစ်ထားတဲ့အချိန်ကိုကြည့် သုံးနှစ်လောက်ရှိပြီ ။
တအားလွန်လွန်းတာပဲ။
ပါးစပ်က ပွစိပွစိပြောရင်း ဦးရဲ့လက်နုနုပေါ်အကြည့်ရောက်မိတော့ လက်သည်းခွံအကြည်လေးတွေက အနည်းငယ်ရှည်နေလေပြီ...။

“ဟော...ဦးရဲ့လက်သည်းလေးတွေ
ရှည်လာပြန်ပြီ ...။ ကျွန်တော် လက်သည်းညှပ်ယူလိုက်ဦးမယ် ခဏ”

လက်သည်းညှပ်ကို လွန်းကဆောင်ထားနေကျဆိုတော့ လွယ်အိတ်ဘေးအကန့်မှာပဲထည့်ထားမိ၏။
ဦးဈာန်က လက်သည်းအရှည်မြန်တယ်လေ။
ဆိုတော့ အချိန်တိုင်း ဆောင်ထားရတယ် ။

“ခင်ဗျားက တအားခန့်လာတာပဲ ။
မြန်မြန်နိုးလာတော့နော် သတိရနေပြီ ”

လက်ကို ဖွဖွကိုင်ကာ
လက်သည်းညှပ်ပေးရင်းပြောမိ၏ ။

“ခင်ဗျားနိုးမလာရင် ကျွန်တော် မိန်းမ ယူတော့မှာ”

ကိုယ့်စကားနဲ့ကိုယ်ပြန်ရယ်မိသေး၏ ။
အော်...ငါလ‌ည်းပေါက်ပေါက်ရှာရှာ
ပြောတတ်လာတာပဲ ။

“ဦးက သုံးဆယ်ကျော်တောင်
ခန့်ချောနေတုန်းပဲ...ခင်ဗျားရဲ့ တည်ငြိမ်ပြီး မှိုင်းညို့နေတဲ့ မျက်ဝန်းလှလှတွေကိုမြင်ချင်ပြီ... ”

မျက်တောင်လေးကို မဝံ့မရဲထိမိတော့
လွန်းပြုံးရသေးသည်...
ဆရာဝန်က လူနာအတွက် စကားတွေအများကြီးပြောပေးရင် ထိရောက်တယ်တဲ့...
သူလိမ်နေတာဗျာ...
အခုဆို ရက်ပေါင်း ၁၂၀၀နီးပါးလောက် ဦးကိုနေ့တိုင်းစကားလာပြောတယ်...
ဒါပေမယ့် သတိမရသေးဘူး အခုထိ...

All We Have Is Now (Completed)Where stories live. Discover now