11

1.1K 160 6
                                    

Unicode

“ဦး...ဟိုလေ...”

Sofaခုံအရှည်တွင် ဖုန်းသုံးနေသော ဦးဈာန်၏ ပုခုံးကိုဘေးတိုက်မှီကာ လှဲလျှက် အပျင်းကြီးကြီး removeကို မေး‌တွင်တေ့ထားကာ တီဗီကြည့်နေရင်းမှ  တစ်ခုခုကို သတိရသည့်အချိန် ဦးကိုမေးမည်အချိန် ထွက်လာသော အသံပိုင်ရှင်က မာန်ဟန်ဇာန် ပါပင် ။

“လွန်လွန်း ”

သာမန်ထက်ခက်ထန်နေပုံရတဲ့ အသံပိုင်ရှင်ကြောင့် လွန်း..မှီနေတာကို ရပ်ပြီး ခါးမတ်လိုက်မိ၏ ။
လွန်းတို့နှင့် တည့်တည့် အိမ်ပေါက်ဝ တွင်ရပ်နေသော သူက မာန်ဟန်ဇာန်ပါတည်း ။
မျက်ခုံး ၊ မျက်လုံး ၊ လေးထောင့်ပုံနှုတ်ခမ်း ၊ ချောမောတဲ့ရုပ်ရည်
ဒါကမာန်မှမာန်စစ်စစ်

“ မာန် ”

ငယ်ငယ်တည်းက မာန်သည်
အသက်တူရွယ်တူ ကောင်‌လေးဖြစ်ဖြစ်‌ ကောင်မလေး တစ်ယောက်ဖြစ်ဖြစ် လွန်းဆက် အနားကပ်နေလျှင် သူက လွန်းဆက်ကိုသာ အသံမာမာနှင့် ပြောလေ့ရှိ၏။

သူသာရှုပ်လျှင်ရှုပ်မည် လွန်လွန်းကိုတော့ သူ့ထက် ပိုခင်တဲ့ သူငယ်ချင်း အသစ် မရစေချင်ပါတဲ့ ....။
ဒါပိုင်စိုးပိုင်နင်း နိုင်သည်ဟုပင် လွန်း...တွေးမိသည် ။

အလယ်တန်းတုန်းက လွန်းကိုကောင်မလေးတစ်ယောက် ရည်းစားစာလာပေးတော့ မာန်က ထိုကောင်မလေးကို ဂုတ်ကနေဆွဲပြီး ကျောင်းအုပ်ဆီတိုက်ရိုက်ပို့တယ်‌လေ ။
ကောင်မလေးခမျာတော့ ကျောင်းတောင်ပြောင်းလိုက်ရတယ် ။

“ဘာလုပ်နေတာလဲ ”

ကျစ်..အဲ့အကျင့်တွေမကြိုက်တာ ။

“တီဗီကြည့်နေတာလေ မမြင်ဘူးလား ”

အံကြိတ်လျှက် ဖြေမိတော့ ပြန်ဖြေလာသည်က မာန်မဟုတ်ပဲ ဦးဈာန်ဖြစ်နေလေရဲ့ ။

“လွန်းငယ်...သူက? ”

“သူက ကျွန်တော့် ငယ်သူငယ်ချင်း မာန်ဟန်ဇာန်”

မာန်ဟန်ဇာန် မျက်နှာ သိသိသာသာ ပျက်ယွင်းသွားသည်ကို လွန်းငယ် မမြင်လောက်ပေမယ့်
ဈာန်ရှင်းအနေဖြင့်မြင်ဖြစ်အောင် မြင်လိုက်သေးသည် ။

All We Have Is Now (Completed)Where stories live. Discover now