18

881 122 4
                                    

Unicode

“ဟား...မာန် မလုပ်ပါနဲ့ဆိုတာကို ”

လွန်းကုတင်ပေါ်မှာလူးလိမ့်နေတယ်...
အကြောင်းအရာကတော့ မာန်က ကလိလိုက်ထိုးနေတာပါပင်...
ပန်းအပန်လည်းမခံရော ကလိလိုက်ထိုးနေတာဖြစ်သည်လေ။
ငယ်ငယ်လေးတည်းက သူ့အကျင့်က ခုထိ မပျောက်သေးဘူး..
ကလိလိုက်ထိုးတတ်တဲ့ အကျင့်ကတော်တော်ဆိုးတယ်..

“အားးခိ ခိ မာန် တော်တော်ဆိုးဆိုးပဲ”

ကလိလိုက်ထိုးနေသော မာန့်လက်ကို ချုပ်ထားရင်းမှ လွန်းအမောဖြေမိ၏ ။
တစ်ကယ်ဆို လွန်းရဲ့အားနဲ့
မာန့်ကိုထိန်းထားလို့မရပါ ။
မာန်ကသာငြိမ်ငြိမ်နေပေးနေတာဖြစ်သည် ။

“တော်ပြီကွာ..ဦးဈာန်လာတော့မှာ မင်းအပြင်ထွက်တော့”

လွန်းရဲ့စကားလည်းကြား‌တော့ မာန့်မျက်နှာကပြုံးနေရက်မှတည်သွား၏....

“မင်းနဲ့သူက ”

“တွဲနေပြီလေ ”

မာန့်စကားကိုလွန်းကဆက်ပေးလိုက်၏ ။
ထိုစကားကိုပြောတော့ လွန်းမှာ မပြုံးပဲမနေနိူင်...
ဒါနဲ့ဦးဈာန်ဘယ်ရောက်နေပါလိမ့်...

ဦးဈာန်ကိုရှာဖို့အတွက် စကားစကိုဖြတ်ရင်းကုတင်ပေါ်မှထတော့
မာန်က လှမ်းဆွဲသည်။ သူ့မျက်နှာက လုံးဝတည်နေသည် ။

“လွန်း မင်းတစ်ကယ်မသိတာလား”

“ဘာကိုလဲ ”

“ဦးဈာန်ရှင်းဝဏ္ဏအကြောင်းကိုလေ”

လွန်းရယ်လိုက်မိ၏ ။
ဦဈာန်အကြောင်းကို
လွန်းမသိသေးတာရှိပါ့မလား။
ဦးကအကုန်ပြောပြထားတယ်လေ။

“ငါသိတယ်လေ..မင်းဘာကိုပြောချင်တာလဲ ”

“မဟုတ်ဘူး ငါပြောတာက...ဟာကွာ”

မာန်က စကားကောင်းကောင်းပြောနေရင်းမှ
ဘေးက ခေါင်းအုံးကို တစ်ဖက်သို့ ပစ်ပေါက်လိုက်သဖြင့် လွန်းလန့်သွားရ၏ ။
မာန်ဘာဖြစ်နေတာလဲ...
မာန်က အသက်ကိုဖြေးဖြေးရှုနေရင်းမှ ဆက်ပြောလာ၏...

“ မင်းကတုံးတာလား.။ မင်းရဲ့လူက ဟိုရှေ့နေဆိုတာလုံးဝမသိတာလား မသိချင်‌ယောင်ဆောင်တာလား ”

All We Have Is Now (Completed)Where stories live. Discover now