10

1.1K 169 6
                                    

Unicode

အကွေ့အကောက်လမ်းတို့ကို ဂရုတစိုက်မောင်းနှင်ရင်း ဈာန်ရှင်းအနေဖြင့် အသေအချာအာရုံစိုက်၍ ကားမောင်းရသည် ။

ဘေးနားက ကလေးက အိပ်နေရင်း ငိုက်ကျကာ ခေါင်းငုံ့မိသွားသည်မို့ ဈာန်ရှင်းအနေဖြင့် ခဏခဏကားရပ်ကာ ထိုကလေးအဆင်ပြေရဲ့လား မေးရတာလည်း တာဝန်တစ်ခု ။ မိုးလင်းဖို့ လိုသေးသလို ၊ ရောက်ဖို့လည်း လိုသေးသော်လည်း ကောင်လေးက ဆက်မအိပ်တာကြောင့်...

"လွန်းငယ်..အဆင်ပြေလား ၊ လျှန်မင်းနဲ့နေရာလဲပြီး အနောက်မှာ သွားလှဲအိပ်နေမလား ? "

"ဟင့်အင်း ကျွန်တော်အဆင်ပြေတယ် "

သူ့လက်သူ သေချာဆုပ်ကိုင်ထားရင်း တစ်ခုခုတွေးတောနေပုံရတဲ့ ကောင်‌လေးအသံတို့ကသိသိသာသာ
တုန်ခါနေလျှက်...

"ဘာစိုးရိမ်နေတာလဲ ကလေးငယ် "

" ကျွန်တော့် အဖေ့ကို အိပ်မက်မက်လို့ နောက်သုံးလလောက်နေရင် အဖေဆုံးတာ၈နှစ်ပြည့်ပြီ "

ထို့နောက် ကောင်လေးက စကားစမလာတော့သလို
ဈာန်ရှင်းအနေဖြင့်လဲ စကားဆက်မပြောနိုင်တော့ ။
သူ့အနေဖြင့် တစ်ကယ်ကိုလိပ်ပြာမလုံပါ ။

ကိုယ်မှားခဲ့တယ်..လွန်းငယ် ။
ဒါပေမယ့် ကိုယ်နောင်တမရဘူး
အဲ့ဒီအမှားကပဲ မင်းနဲ့တွေ့ဆုံစေခဲ့တာဖြစ်လို့ ။

#########

"လွန်းငယ်..ကြောက်နေသလား "

မနက်၅နာရီခွဲကျော်လောက်မှာ
မြို့သို့ရောက်သည် ။ အိမ်ရှေ့တည့်တည့်သို့ တိုက်ရိုက်ရောက်နေသော်လည်း မဆင်းသေးပဲ
ငိုင်နေ‌သော ကလေးကြောင့် ဈာန်ရှင်းမေးလိုက်တော့ ကောင်လေးက ပြိုတော့မည့်မိုးလို အသံတုန်တုန်ဖြင့် ပြန်ရန်တွေ့သည်လေ...
မျက်တောင်ကလည်း တဖျပ်ဖျပ် ခပ်လျှက်..

"ကျွန်တော်က မဟုတ်တာမှမလုပ်ထားတာ
ကြောက်စရာလား ၊လာဗျာ..လောင်းထားတာ
မြန်မြန် အဆုံးသတ်ချင်ပြီ "

အင်းပါ...ကြောက်နေတာမသိသာပါဘူး ။
ဒီကလေး လိမ်ရင်တစ်ကယ်သိသာတယ် ။

ကောင်လေးက ခပ်သုတ်သုတ် ဆင်းသွားပြီးတော့မှ အနောက်ခန်းမှာ ဇိမ်ကျကျအိပ်နေတဲ့ တူဖြစ်သူကို နှိုးရသည် ။ တစ်မိနစ်လောက် နှိုးပြီးမှ ထိုကောင်က အိပ်ချင်မူးတူးအသံဖြင့်...

All We Have Is Now (Completed)Where stories live. Discover now