14

1.1K 128 0
                                    

Unicode

သင်းပျံ့လာတဲ့ မုန့်ဟင်းခါး အနံ့လေးကြောင့် အိပ်မောကျနေရာမှ လွန်းဆက် ဇတ်ခနဲ နိုးလာခဲ့သည် ။

"အာ့ "

‌ခါးအောက်ပိုင်းမှ အောင့်သက်သက်ခံစားမှုကြောင့် မနေ့ညက ဆက်ဆံမှုတို့ စိတ်ထဲ ဖွားခနဲ ။
မျက်နှာပူလာတော့ စောင်ကို ခေါင်းကနေ ဆွဲခြုံလိုက်မိ၏ ။

ကျီခနဲ မြည်သံနှင့်အတူ အခန်းတံခါးက
ပွင့်လာသံကို လွန်း...ကြားလိုက်ရသည်။

ခေါင်းအထိလုံအောင်ခြုံထားပြီး လုံးလုံးလေးလိုဖြစ်နေသော လွန်းဆက် ကိုယ်လုံးမြောက်တက်သွားသလို....
အလန့်တကြား စောင်ကို ဖယ်လိုက်မိတော့
ဦးဈာန်ရဲ့ အရွယ်တင်သော မျက်နှာတော်ချောချောက မနက်ခင်းကျက်သရေရှိရှိ...။

" ကိုယ့်သဲတုန်းလေး ကိုယ့်အိကျိပုကျိလေး ကိုယ့်ဘေဘီလေး ကိုယ့်အသက်လေး "

ပြောပြီးပြီးချင်း ‌လွန်း၏ပါးပြင်ကို ဦးဈာန်က အိခနဲ အိခနဲနမ်း၏ ။
ပြီးနောက် မဆုံးသေး...
နှုတ်ခမ်းပါးထပ်သို့ ရောက်လာပြန်သည် ။
အနမ်းက ခဏတာမဟုတ်ပဲ..
မနေ့ညကလို နက်နက်ရှိုင်းရှိုင်း....

မနေ့ညက အကြောင်းပြန်စဉ်းစားမိတော့ မျက်နှာက နီရဲလာ၏ ။

ဒီအတိုင်းဆက်သာ နမ်းနေလျှင် second timeရောက်လာတော့မှာ လွန်းဆက်သိသည်။
ဦးဈာန်ကို ခပ်ဖွဖွထုတော့ သူက နမ်းတာ ရပ်လိုက်သည် ။

"ကိုယ့်ကလေးက ရှက်နေတာလား "

ဖောင်းနေသော လွန်းရဲ့ ပါးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး
ပြော၏ ။ ဦးဈာန်ပုံက ဘယ်လောက်တောင် အသဲယားနေသည်မသိ ။

" မျက်နှာမသစ်ရသေးဘူး မရွံဘူးလား "

လွန်းဆက်ပြောတော့ဦးဈာန်က ပြုံးသည် ။

"ကိုယ်ရွံလား မရွံလားသိချင်လား "

လွန်းဆက် ခေါင်းညိမ့်လိုက်တော့ ဦးဈာန်က ‌မျက်လုံးမှိတ်သည်အထိပြုံးပြီး ...
လွန်း ညဝတ်အကျီကြယ်သီးကို စဖြုတ်၏ ။

"ဒီလူ ဘာလုပ်တာလဲဗျ "

အံကြိတ်မေးတော့ ဦးဈာန်က
လွန်းဆက်နှာခေါင်းကို ဖွဖွတို့ထိကာ ဆိုသည် ။

All We Have Is Now (Completed)Where stories live. Discover now