17

853 117 4
                                    

Unicode

လွန်းဆက်နိုးလာခဲ့တော့ ဦးဈာန်က ကား‌ကို‌စိတ်ပျံ့လွင့်တာမရှိပဲမောင်းနေသည် ။
ဘေးတစောင်းကြည့်တာတောင် ဦးဈာန်က တအားကြည့်ကောင်းနေပြီး တည့်တည့်သာကြည့်ရင်တော့ တအားကြည့်ကောင်းတာထက်ပို၏ ။ ချောမောမှုပုံကိုလွန်းဆက်မပြောပြတတ်။
လူကြီးတစ်ယောက်လိုစေ့စပ်သေချာပြီး။ အရာရာစိတ်ရှည်သည် ။
ဦးဈာန်ရဲ့ အချိုးကျတဲ့လက်ဖြူဖြူသွယ်သွယ်လေးတွေ
မြင်ရင် လွန်းဆက်တစ်ကယ်ကိုက်ချင်သည် ။

မျက်လုံး. အုန်းခွံရောင်လိုပဲ...
လွန်ခဲ့တဲ့၇နှစ်ကလည်း ဒီလိုမျက်ဝန်းပဲ....
တစ်ကယ်လုံးဝတူတာ
မေးကြည့်ရင် ကောင်းမလား .....

“ဦး..”

လွန်းကခေါ်လိုက်တော့သူက
လှည့်ကာပြုံးပြ၏ ။
ဘယ်ချိန်ကြည့်ကြည့် ကြည့်ကောင်းနေတာပဲ။
ဒါပေမယ့် တနေ့လုံး ကားပဲဆက်တိုက်
မောင်းနေလို့ဖြစ်မယ်...
လွန်းသဘောကျတဲ့ ဦးဈာန်မျက်ဝန်းတို့က ပင်ပန်းနေသယောင်...

“ငယ် အိပ်ရေးဝလား ထပ်အိပ်ဦးလေ ပင်ပန်းထားတာကို ”

လွန်းဆက်ခေါင်းခါပြီး ကားမောင်း‌နေတဲ့ ဦးဈာန်လက်ကို မှီချလိုက်သည် ။
သူ့ဆီကရယ်သံလွင်လွင်လေးထွက်လာတော့ လွန်းဆက်ပြုံးရသည် ။
ဦးဈာန်ရဲ့ အသံကို တစ်ကယ်သဘောကျတယ်။
လူကြီးလူကောင်းအသံလိုပဲ စကားပြောရင်ရှတတလေး....

“ ဟိုလူလားဟင်၊ ဆေးလိပ်သောက်တဲ့လူ ”

“အာ့”

လွန်းလည်းပြောတော့ ဦးဈာန်က ကားကို ရုတ်တရက်နဲ့ရပ်ချလိုက်တာမို့လို့ ကားခါးပတ် မပတ်ထားမိတဲ့ လွန်း အရှေ့ကို မှီချမိလိုက်ပါလေရော....

“ငယ်...ကိုယ် ကိုယ်မရည်ရွယ်ပါဘူး”

သူက အထိတ်တလန့်နဲ့ လွန်းရဲ့ခေါင်းကို ခပ်ဖွဖွကိုင်ကြည့်နေတယ် ။ တစ်ခုခုထိခိုက်သွားမှာစိုးသည့်အလား ။

“ရတယ်..ကျွန်တော်မနာပါဘူး...
မေးတာဖြေဦး”

ဦးဈာန်က ပြုံးသည် ။
ဝမ်းသာလို့၊‌ပျော်ရွှင်လို့ပြုံးတာမဟုတ်ပဲ ။
တစ်ခုခုကိုအရှုံးပေးလိုက်ရသလိုမျိုး....

All We Have Is Now (Completed)Where stories live. Discover now