08

1.2K 180 12
                                    

Unicode

2နာရီကျော် ကားမောင်းပြီးတဲ့အခါမှာတော့
ဈာန်ရှင်း ဝယ်ထားတဲ့ ရွှေတောင်ကြားလမ်းက အိမ်ယာကို ရောက်သည် ။ မနက်၃နာရီပင်ထိုးနေပြီ ။
ထိုအိမ်ကိုအပိုအဖြစ်သာ ဝယ်ထားတာကြောင့် အိမ်စောင့် ဇနီးမောင်နှံ နှစ်ယောက်သာရှိသည် ။
အဖေ့လက်ထက်တည်းက သစ္စာစောင့်သိလာကြတဲ့ လူတွေဖြစ်တာကြောင့် အဖေဆုံးသွားတော့ ထိုသူတို့ကို ဈာန်ရှင်း အလုပ်ပေးထားတာဖြစ်သည် ။

လွန်းဆက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် မနှိုးချင်၍ ကားထဲမှ ပွေ့ချီပြီးသာ ခေါ်သွားသည် ။
လာမည်ဟုကြိုပြောထားတာကြောင့် အိမ်စောင့်ဖြစ်‌သော ဒေါ်‌လေးကြည်နှင့်ဦးစိုး က ခြံရှေ့ထွက်စောင့်နေ‌သည် ။

ဈာန်ရှင်းကိုမြင်တော့ ဒေါ်လေးက မြန်မြန်လာကာ ထွက်၍ ကြိုသည် ။
ဦးစိုးကိုတော့ ကားသော့ပေးကာ ကားကိုဂိုထောင်ထဲ ထည့်စေ၏ ။

“သားဈာန်...ဒီကလေးက? ”

ရင်ခွင်ထဲမှ ကောင်လေးကို စူးစမ်းကာ မေး၏ ။

“ကျွန်တော့် ဇနီးပေါ့ ...အင်း ”

ဈာန်ရှင်းက ပြုံး၍ ဖြေတော့ ဒေါ်လေးကြည်က အဖြေကို သဘောတကျရယ်သည် ။ ဒေါ်လေးက ကောင်လေး ဆံပင်အုပ်အုပ်လေးကို သပ်ပေးရင်း ...

“ဒီကလေးက ချစ်စရာလေး...သားဈာန် လိုလူမျိုးနဲ့ရတာ ကံကောင်းပါ့တော် ”

ဒေါ်လေးကို ပြုံးပြပြီး လွန်းငယ်ကို ချီလျှက်ပင် အိမ်ထဲသို့ထင်လာခဲ့သည် ။
ဒုတိယထပ်ရှိ ဈာန်ရှင်းကိုယ်ပိုင်အခန်းသို့ မဝင်ခင် ခြေလှမ်းတုံ့ခနဲရပ်ကာ ‌ကောင်လေးကို ချီလျှက်ပင် အောက်ထပ်ရှိ ဒေါ်လေးကို...

“ဒေါ်ဒေါ် မနက်ဖြန် နန်းကြီးသုပ် လုပ်ပေးထားပါလား”

နန်းကြီးသုပ် အကြောင်းပြောတော့ ဒေါ်လေးကြည်က ထူးဆန်းသလိုပြန်ကြည့်သည် ။
ဟုတ်သည်လေ ဈာန်ရှင်းက နန်းကြီးသုပ်မှမကြိုက်ပဲလေ...

“ဘာလို့လဲ? သား မကြိုက်ဘူးလေ ”

“လွန်းငယ် ကြိုက်တယ် ”

ကောင်လေး အကြိုက်ကို အရင်တည်းက စုံစမ်းထားပြီးသားဖြစ်တာကြောင့်
ဘာစားရတာကြိုက်လဲ ၊ ဘယ်လိုဝတ်ရတာကြိုက်လဲ ၊ ဘယ်စာရေးဆရာ ကြိုက်လဲ ကအစ လိုက်စုံစမ်းရသည် ။
ဒေါ်လေးအကြည့်ကိုလျစ်လျူရှုရင်း
ကိုယ့်အတွေးနဲ့ကိုယ်ပြုံး၍ အခန်းထဲဝင်ကာ လွန်းငယ်ကို ကုတင်ပေါ်၌ ဖြေးဖြေးတင်ရသည် ။

All We Have Is Now (Completed)Where stories live. Discover now