05

1.3K 203 34
                                    

Unicode

“ကောင်လေး ”

ဈာန်ရှင်းခေါ်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းတို့နှင့် ပြူးကြောင်ကြည့်လာတဲ့‌ကောင်လေး ။

“ဘာကောင်လေးလဲဗျ လူနာမည်ရှိတယ် ၊
လူနာမည်ခေါ်ပါ ။ ဦး လေး ကြီး   ”

နောက်ဆုံး စကားသုံးလုံးကို သိသိသာသာဆွဲပြောကာ
ရူးရူးရှဲရှဲနှင့်ပြောလာသည့် ထိုကောင်လေး..
မှားလို့ ကိုယ့်ရဲ့လွန်းလေး....
ထိုအခါ ကိုယ့်အတွေးနှင့်ကိုယ့်မှာ ပြုံးမိ‌သည် ။

“ဘယ်ကဦးလေးကြီးလဲ ကိုယ်ကအခုမှ30ပဲရှိသေးတာ ”

အရင်ပဲလိုပြန်ဖြေလာတဲ့ထိုလူ ...
ခင်ဗျားက ကျွန်တော်ခဏခဏ
သတိရနေတဲ့သူလား

ထိုလူပြုံးလိုက်တော့ ဘယ်ဘက်ပါးချိုင့်
နက်နက်က ထင်းခနဲ။
ဒီလူ လူချော...

“ကဲ...ကောင်လေးလို့မခေါ်စေချင်ရင်
နာမည်ပြောပြလေ ”

ခေါင်းအနည်းငယ်ငုံ့ကြည့်ကာ
ပြောလာသည့် ထိုသူဟာအရပ်ဘယ်လောက်တောင်
ရှည်သလဲမသိ ။
၅ပေ၇လက်မခန့်ရှိသည့် လွန်းကိုတောင် အနည်းငယ်ငုံ့ကြည့်‌ရသည် ။

“ပြောစရာလားဗျ ”

ခပ်ဆတ်ဆတ်ပြောရင်း..
ဒီလူရူးနေလားမသိဘူး ဆိုသည့်အကြည့်နှင့်ကြည့်ကာ
ရှေ့ကထွက်သွားသည့် ကောင်လေးကြောင့်
ဈာန်ရှင်းမှာ ရယ်ကြောမသတ်နိုင် ။
ဒီကလေး အရင်ကထက် စွာလာတာပဲ ။

မင်းကြောင့် ကိုယ်ပြန်ပြုံးရပြီ ။
မင်းလေးကြောင့်ပါ... လွန်းငယ်

.........

ကိုယ့်အတန်းကျရာရှာတော့ အတန်းကတော့ရှာတွေ့သည် ။
ထိုင်နေရာ ဒါလည်း အဆင်ပြေတယ် ။
ထောင့်မကျတကျမှာ တစ်ယောက်တည်း ။
ပြဿနာက ဘာတွေသင်မှန်းမသိတာပဲ ။

ဘာပြောနေမှန်းမသိသည့် ဆရာမကိုသာ လွန်းဆက်ကြောင်ကြည့်နေသည် ။
ဟိုလူကတော့ စိတ်ထဲတဝဲလည်လည် ။
ဒါ ခင်ဗျားကြောင့်..ကျွန်တော်စာနားမလည်တာ ။
ခင်ဗျား အပြစ်ပဲ ။

“ Techal , Excuse me ”

စာရှင်းပြနေသည့် ဆရာမအသံကို ထိုးဖောက်ကာထွက်လာသည့် ခပ်ရှရှအသံတစ်သံ ။
အခန်းရှေ့ပေါက်ဝမှဖြစ်၏ ။

All We Have Is Now (Completed)Where stories live. Discover now