06

1.2K 191 11
                                    

Unicode

ကန်တင်းမှာ ထိုင်နေသည့်အချိန်
တောင်ခ် ခနဲ မြည်သံနှင့်အတူ Messengerကိုဖွင့်ကြည့်တော့ Conversation List ထိပ်ဆုံးမှာရှိနေတဲ့ ထိုလူ ။ ပို့လာသော messageက ....

“လွန်းငယ် စာမေးပွဲနီးပြီ အရင်လို Royal Poincianaကိုမလာတော့တာလား ? လွန်းငယ်ကိုဆိုရင် နွေးထွေးစွာ ကြိုဆိုလျှက်နော်  ”

လွန်ခဲ့တဲ့ ၂လလောက်က လာအပ်သော ထိုသူကို လွန်းအနေဖြင့် အမှတ်တမဲ့လက်ခံမိလိုက်သည် ။
အကျိုးဆက်အနေနှင့်တော့ ထိုသူက ညတိုင်းစကားလာပြောသည် ။ ခေါ်ပုံခေါ်နည်းဆိုတာလည်း လွန်းငယ် ၊ လွန်းငယ်ချည်းထပ်နေတာ ။

တဖြည်းဖြည်းထိုသူနှင့်စကားပြောမိရင်း 
မမုန်းလျှင်တောင် ကြည့်လို့တော့ရနေပါပြီ ။
လွန်းဆက် နောက်မှသိလာတာက မေမြို့မှာ လွန်းဆက်တို့အတွက် သီးသန့်ဖွင့်ပေးဖူးတဲ့
Royal Poinciana ဆိုတဲ့ Caféဆိုင်ဆိုတာ ဒီလူပိုင်သတဲ့...

လွန်းဆက်က စကားမပြန်တာ သိသော်လည်း
ထိုသူက လာပြောနေဆဲ ။ ထိုသူက Facebookသိပ်မသုံးဘူးထင် ။
Share Postအနည်းငယ်မျှသာရှိသည် ။
SharePostဆိုလျှင်လည်း အလုပ်ကိစ္စမဟုတ်လျှင် စာအုပ်စာပေအကြောင်းတွေချည်း ။
Profileက ထိုသူရဲ့ပြုံးနေသော မျက်နှာချောချောကတော့ ပါးချိုင့်နက်နက်နှင့်ပေါ့ ။

Messengerဆိုလည်း မနက်ဖက် ၊နေ့လည်ဖက် လိုင်း တက်တာမတွေ့ပဲ ၊ ညဖက်မှသာ တက်တာ လွန်းတွေ့ရသည် ။

ထိုသူပြောလိုက်လျှင်လည်း
အနှောင့်အသွားမလွတ် ။
ကြာတော့လည်း ဒီလူGayလားဟု
ထင်မိသည်အထိ ။

အဲ့လိုသွားမေးတော့ ပြန်ဖြေတာက ဒီခေတ်လူငယ်တွေအရှုံးပေးရတယ် ။
ဘာတဲ့ မင်းလေးအတွက်ပဲGayတာ။
ဘုရား ...

တွေ့မယ်..ခင်ဗျား လာခဲ့

ပြန်စွာဖို့ရာအတွက် Conversationထဲဝင်မည့်အချိန် ....

“လွန်းလွန်း ”

‌အနောက်မှ ရုတ်တရက် ခေါ်လိုက်သော လျှန်မင်းကြောင့် ဖုန်းတောင် ပြုတ်ကျရသည်အထိ ။
၂လအတွင်းမှာလည်း လျှန်မင်းနှင့် သူငယ်ချင်းအရင်းအချာလိုခင်နေပြီ ။
လျှန်မင်းက ခင်ဖို့မကောင်းပေမယ့် လွန်းဆက်ကတော့ ခင်ပါသည် ။
လွန်းဆက်ကိုဆိုရင်တော့
အောက်ကျို့ခံပေါင်းသည် ။

All We Have Is Now (Completed)Where stories live. Discover now