04

1.4K 199 19
                                    

Unicode

တစ်ရက်အတွင်းကျောင်းကိစ္စအဝဝကို ပြီးဆုံးအောင်အမြန်လုပ်ဖို့ဆိုတာ တော်ရုံ Skillနှင့်မရပါလေ ။
လေလိုအလျင်ဖြင့် ဟိုပြေး‌ဒီပြေး၊ဟိုဟာယူ၊ ဒီဟာယူ ဖြင့် ကျောင်းတက်ဖို့ရာ ပြင်ဆင်ရသည် ။

“တီနွယ် သားတို့သွားပြီနော် ”

“သွားပြီ မေရေ ”

နှစ်ယောက်လုံးပြိုင်တူနှုတ်ဆက်လိုက်သည်နှင့် ကောင်းကောင်းသွားနော် ဟူသည့် အန်တီနွယ့်အသံဟာ ချိုချိုသာသာပင်ထွက်ပေါ်လာသည် ။
အန်တီနွယ့်ကို လွန်းဆက် ချစ်သည် ။
အန်တီနွယ်က အမေ့ညီမဖြစ်၍ အမေနှင့် ပြုံးလိုက်လျှင် သိပ်တူသောကြောင့် အမျိုးတွေထဲတွင် တီနွယ့်ကိုသာ လွန်းဆက် ကပ်သည် ။

အိမ်ကထွက်သည်နှင့် Bus ကားဂိတ်သို့ နှစ်ယောက်သားသွားစောင့်သည် ။
15မိနစ်ပင် မစောင့်လိုက်ရဘဲ လိုရာကားက ရောက်ရှိလာသည် ။
လွန်းဆက်နှင့်ရွှန်း ကားပေါ်အတူတက်ကာ အတူထိုင်ကြတော့ လူတစ်ချို့ကပင် ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တီးတိုးပြောနေကြသည်ထင် ။

“ ကိုကို ”

ဘေးနားက ရွှန်းက တိုးတိုးလေးဖြင့် လာခေါ်တော့ လွန်းဆက်မှာ ဖုန်းထဲက အကြည့်မပြတ်ပင် ခေါ်ရာကို ထူးလိုက်သည် ။
ဖုန်းကိုတော့ အကြည့်မခွာ ။

“အေး ဘာလဲ “

ထိုသို့ ထူးလိုက်တော့ ရွှန်းက လွန်းဆက်ပုခုံးကို တစ်ချက်ရိုက်ကာ

“ အနောက်ကကောင်မလေး‌တွေ အုပ်စုက ဘာပြောနေကြတယ်ထင်လဲ ”

ထိုသို့ယုတ္တိမရှိတာ ထွက်လာ‌တော့ ဖုန်းကိုကြည့်‌ရာမှာခွာကာ လက်ညိုးဖြင့် ထိုစပ်စုမ ခေါင်းကို တွန်းလိုက်ရင်း

“ငါဘယ်သိမှာလဲ ၊ ဗေဒင်ဆရာမှမဟုတ်တာ အပို‌တွေလာမပြောစမ်းနဲ့ ငါအချိန်ပိုင်းအလုပ်ရှာနေတယ် ”

“သူတို့ပြောနေတာ ညီမလေးခန့်မှန်းတတ်တယ် ”

မဖြေမချင်း ထိုစပ်စုမက ဘေးနားက နားပူနားဆာလုပ်မည်ဆိုတာသိသဖြင့် အလိုက်သတင့်ပြန်ဖြေပေးရ၏ ။

‌“အေး လုပ်စမ်းပါဦး ဘာပြောလဲ ”

ထိုအခါ ရွှန်းက လည်ချောင်းရှင်းကာ

All We Have Is Now (Completed)Where stories live. Discover now