16

1K 135 7
                                    

Unicode

သုံးနာရီမျှကြာ မန္တလေးမှမေမြို့သို့ ဆိုင်ကယ်စီးလာခဲ့ပြီး လွန်းလွန်း အိမ်ရှေ့သို့ ရောက်ရောက်ခြင်း ဆိုင်ကယ်ကိုအမြန်ရပ်ချကာ
လွမ်းရလွန်းသည့်ကောင်လေးဆီသို့
အပြေးသွားမိသည်။

ပင်ပန်းတာတွေ ဘာတွေနားမလည်တော့ပဲ
ပန်းပင်တို့နှင့်ပြည့်နှက်နေသည့် လွန်းတို့ အိမ်ခြံဝန်းထဲ အပြေးဝင်သွားမိပြီ ။
မာန် နောက်တရမိပါသည် ။
အမှန်ဆို လွန်းနှင့်အတူ ရန်ကုန်မှာ ကျောင်းလိုက်တက်ရမှာဖြစ်၏ ။
သို့သော် မန္တလေးမှာ အလုပ်ကိစ္စတွေရှိလွှဲပြောင်းယူရမှာဖြစ်တော့
မန္တလေးမှာပဲ ကျောင်းဆက်တက်ဖြစ်တာဖြစ်သည်လေ။

“မွေးစားအမေရေ လွန်းလွန်း ရောက်ပြီလား”

ဧည့်ခန်းမှာထိုင်နေတဲ့ မွေးစားအမေကိုကြည့်ပြီး အခန်းအပေါက်ဝမှ အမောဖြေရင်းမေးမိသည် ။
အမေက အခုထိ ကျက်သရေရှိတုန်း ။
အမေ့မျက်နှာထားက
အမြဲပြုံးယောင်သန်းနေ‌တတ်သည် ။
သို့ပေမယ့် အခုနောက်ပိုင်း
အမေက သိပ်မပြုံးတော့ ။
ညီမလေးရူမဝပြောတာကတော့ အမေ့က လွန်းဆက်နှင့်လက်ထပ်မည့်သူ လာသွားတည်းက မပြုံးတော့တာတဲ့။

“လွန်လွန်း မရောက်သေးဘူး သားငယ်
လာမယ်လို့တော့ပြောတယ် သားဖုန်းဆက်ကြည့်ပါလား ”

အမေက အနည်းငယ်ပြုံးရင်း ပြန်ပြောသည် ။
အပြုံးတို့က အသက်မဝင်တော့ပေ။
အမေ့မျက်ဝန်းတို့က အနည်းငယ်ရဲနေ၏ ။

မာန်လည်း ဧည့်ခန်းမှာလာထိုင်း
ဖုန်းကို ထုတ်ကာ / My Life LoonLoon / ဆိုသည့် contactကိုနှိပ်ကာ ဖုန်းခေါ်လိုက်၏ ။

တစ်ကြိမ်....
ဖုန်းဝင်သည် ။ သို့သော်မကိုင် ...

နှစ်ကြိမ်မြောက်
ဖုန်းဝင်သည် ။ မကိုင်ခဲ့ပေ ...

သုံးကြိမ်မြောက်မှ helloဆိုသည့် အသံထွက်ပေါ်လာသည် ။
သို့သော် မျှော်လင့်သလို လွန်းလွန်း၏အသံမဟုတ်ပဲ
ဟိုလူ၏အသံ...

/ မောင်မာန်ဟန်ဇာန်လား ? /

/ ဟုတ်ပါတယ် လွန်းနဲ့ဖုန်းပြောချင်လို့ /

/ ငယ် အိပ်နေတယ် ။ ပြောစရာရှိရင် ကိုယ့်ကိုပြောထားလို့ရတယ် ။ ကိုယ်ကသူ့အမျိုးသားဆိုတော့လေ /

All We Have Is Now (Completed)Where stories live. Discover now