12

1.1K 153 13
                                    

Unicode

“ ခင်ဗျားက ကျွန်တော့်ကို ? ၊
ဆိုတော့ ကျွန်တော့် အကြောင်းဘာသိလို့  ”

“အကုန်သိတယ်လေ”

မျှော်လင့်ချက်အပြည့်နှင့် မျက်ဝန်းကြည်တို့...
ကြာကြာတော့ မျက်နှာချင်းမဆိုင်ရဲပါ ။
လွန်း ခေါင်းငုံချလိုက်ပြီမှ ဆက်ပြော၏။

“ကျွန်တော် ခင်ဗျား အကြောင်းမသိသေးဘူးလေ ”

ဈာန်ရှင်းကတုံ့ဆိုင်းမှုမရှိ စကားပြန်လာပါ၏။

“မင်း ကိုယ့်ကိုချစ်ပေးရုံပဲ ”

“မရပါဘူး...ခင်ဗျား လူကောင်းမဟုတ်ရင် ဘယ်လိုလုပ်မလဲ ”

ဦးဈာန်ရှင်းဆီမှရယ်သံရှရှလေးထွက်ပေါ်လာတယ် ။
မျက်နှာအနေအထားကိုတော့ လွန်းဆက်က ခေါင်းငုံ့နေတာကြောင့် မမြင်နိုင်ခဲ့ပါ ။

“မင်းကိုယ့်ကို လေ့လာပါ ၊ အချိန်တွေအများကြီးရှိသေးတယ် ၊ ၇နှစ်တောင်စောင့်ပြီးပြီလေ ၁လလောက်က ကိုယ့်ကိုသေမသွားစေနိုင်ပါဘူး...ကဲ ပြန်ရအောင် ”

လွန်းဆက်လက်ကို ဆုပ်ကိုင်လာတဲ့ ဦးဈာန်..
လွန်း..လက်သေးသေးလေးဟာ ဦးဈာန်လက်ဝါးကျယ်ထဲမှာ မြုပ်လျှက်သား ..

လွန်းဆက် ပြန်မဖယ်မိ....
စိန်ပန်းပြာတွေ တဖွဲဖွဲကျနေတဲ့ လမ်းမှာ
တစ်ယောက်သား စကားတစ်ပြောပြော အဆင်ပြေပြေပြန်လာခဲ့တယ် ။

လွန်းဆက်...ဒီနေ့လည်း စိတ်အဆင်ပြေသွားပြီ ။

#################

“What the fu*k !!”

‌‌အနောက်က စူးအောင့်အောင့်နဲ့ နာနေတယ်ဆိုပြီး အိပ်မက်မက်တာ ထထိုင်လိုက်မှ တစ်ကယ်နာကြောင်းသိလိုက်ရသည် ။

စဉ်းစားစမ်း ဘယ်လိုဖြစ်တာလဲ...

‘အာ့...အဲ့နားလေး ’

‘အ ဖြေးဖြေး’

‘အင်း..စီးပြီးကျပ်နေတာပဲ ’

‘ပြီးတော့မယ်..အာ့ ’

‘နောက်တချီလောက်ပဲ ’

ညကစကားသံတို့ဦးနှောက်ထဲ စီစီရီရီပေါ်လာပြီးနောက် လျှန်မင်း ဘာဖြစ်နေခဲ့တာလဲသိလိုက်ပြီ ။

All We Have Is Now (Completed)Where stories live. Discover now