09

1.2K 171 14
                                    

Unicode

“ဦးဈာန် ”

“‌ပြောစေ.. ဗျာ ”

ထမင်းစားခန်းထဲဝင်လာ၍
‌အနောက်မှခေါ်လာသော ကောင်လေးအား လှည့်မကြည့်ပြီးထူးလိုက်တော့ ထိုကောင်လေးက ထပ်မံခေါ်လာ၏ ။

“ဒီမှာ...ခင်ဗျား ”

လှည့်ကြည့်လိုက်တော့ ဈာန်ရှင်းမှ ခွီခနဲ အသံထွက်သွားရ၏ ။

ကောင်လေးဝတ်ထားသော အကျီမှာ လက်အရှည်အကျီဖြစ်သော်ငြား လက်အရှည်အကျီက ရှည်သင့်တာထက် ရှည်နေသည်လေ။
‌sportဘောင်းဘီကို ဆိုလည်း လျှောမကျအောင် အပေါ်ကမ ဆွဲထားရလေရဲ့ ။

“ခင်ဗျား မရီနဲ့ ”

ကောင်လေးက ဆောင့်ဆောင့်အောင့်အောင့်ပြော
လာတာကြောင့် မရယ်မိစေရန် လက်ဖမိုးနှင့်အုပ်ထားမိ၏ ။

အချစ်ကလေး ငြိုငြင်တာ မခံနိုင်ပါ....။

ကောင်လေးက ပြောပြောဆိုဆိုနှင့် ထမင်းဝိုင်းဝင်ထိုင်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေ လက်ကနဲ့ဖြစ်သွားလေရဲ့ ။

“ဦး...မစားဘူးလား စားလေ ၊ ကျွန်တော်တစ်ယောက်တည်းမို့လို့...”

‌ကောင်လေး စားတော့မည့်အချိန် ဈာန်ရှင်း သောက်နေသော ကော်ဖီခွက်ကို‌တွေကာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနှင့်ပြောတော့ မည်သူငြင်းနိုင်မည်နည်း..

“အင်း ကိုယ်လည်းစားမယ်..‌ဒေါ်လေး ကျွန်တော့်ကိုပါ နန်းကြီးသုပ်ထည့်ပေး ”

ဈာန်ရှင်းပြောကာမှ ကောင်လေးက
စားတော့၏ ။ ဈာန်ရှင်းသာမစားလျှင် သူလည်းစားမည့်ပုံမပေါ် ။

“သားက မစားတော့ ဘူးဆိုလို့ ဒေါ်လေး တစ်ပွဲတည်းဝယ်ထားတာ သားရဲ့...”

“အင်း...ထားလိုက်ပါတော့ ”

ဈာန်ရှင်း ကပြောပြီး ကော်ဖီသာ ဆက်သောက်နေတော့
လွန်းဆက်က ဆက်မစားပဲ မော့ကြည့်လာပါ၏ ။
ထို့နောက် ခက်ရင်းဖြင့်
နန်းကြီးသုပ်ကိုလိပ်၍ယူကာ...

“ဦး....ပါးစပ်ဟ ”

ပါးစပ်ဟ ခိုင်းပြီး နန်းကြီးသုပ်ကိုကိုယ်တိုင် ခွံ့ကြွေးနေလေရဲ့ ။

All We Have Is Now (Completed)Where stories live. Discover now