15

1.1K 131 8
                                    

Unicode

“ကိုကို ဟိုမှာလေ ရွှန်းရဲ့သားအသစ်လေး ”

လမ်းလျှောက်ကာလာနေတဲ့ ဖြူဉနေပြီးနွဲ့တဲ့တဲ့ကောင်လေးတစ်ယောက်ကို လက်ညိုးထိုးပြရင်း ရွှန်းကဆိုသည် ။

“သူက ကိုကိုနဲ့ခင်ချင်တယ်ဆိုလို့ ”

ရွှန်းက လွန်း၏အနားကို ကပ်ကာပြောသည် ။
သူမအသံက ချိုအိနေ၏ ။
အမှန်တကယ်စိတ်ပါလက်ပါ မိတ်ဆက်ပြောပေးနေသည့်အလား ။

“ ယန်ယန် သူကငါ့ဝမ်းကွဲကိုကိုလေ နွေယံလွန်းဆက်တဲ့ အဟင်း ”

“မဂ်လာပါ ယံယံ‌လို့ခေါ်ပါတယ်  ။ ”

အရှေ့က ကောင်လေးက  ရွှင်ပြစွာပြုံးပြပြီးပြန်နှုတ်ဆက်သည် ။
ချစ်တော့ချစ်စရာလေး မျက်လုံးဝိုင်းဝိုင်းလေး ခန္ဓာကိုယ်သေးသေးလေးက ကလေးသဖွယ်ပေါ့ ။

လွန်းလည်း အခန့်မသင့်တာကြောင့် အီလည်လည်သာ ပြန်ပြုံးပြရသည် ။

“အကိုက ဘယ်မေဂျာကလဲဟင် ”

“ကျွန်တော်က သချာ်ပထမနှစ်ကပါ ။ အကိုလို့ခေါ်စရာမလိုဘူးထင်တယ်နော် ”

ထိုကောင်လေးက ပြုံးရုံသာပြုံးပြီး နွေယံလွန်းဆက်ကို ဘေးမှ
ချက်ချင်းလက်လာတွဲ၏ ။

အော် လက်ရဲဇက်ရဲလေးပါလား ။ လွန်းဆက် ငြင်းတော့မည်အပြု

“လွန်းငယ် ”

ရင်းနှီးသော အသံတစ်သံကြောင့် လွန်းဆက် ပြုံးလိုက်မိသည် ။
ဘေးမှ ရွှန်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်ကို လွန်းဆက်မြင်ပြီးခွီလိုက်၏ ။
အနောက်ကိုလှည့်လိုက်တော့ ဦးဈာန်က ‌လွန်း၏ဘေးနားကနှစ်ယောက်ကို အကဲခတ်ရင်းမျက်နှာက အေးစက်နေ၏ ။ လွန်းဆက်ကို အကြည့်အရောက် မျက်ဝန်းက နွေးထွေးသွားသည်ကို လွန်းတွေ့လိုက်၏ ။

ဘေးနားက ယံယံဆိုတဲ့ ကောင်လေးက စိတ်မဝင်စားသလို လွန်းဆက်ကိုသာ မလွှတ်တမ်း လက်ကိုဆွဲထားသည်လေ ။
အတင်းဖြုတ်ချသော်လည်း အဲ့တစ်ယောက်က မလွှတ်ပါလေ ။
နောက်ဆုံး...
ဦးဈာန်က ထိုကောင်လေးလက်ကို ဆွဲဖြုတ်ကာမှ ပြုတ်တော့၏ ။
ထို့နောက် လွန်းကို ရင်ခွင်ထဲသာဆွဲ ထည့်လိုက်၏ ။

All We Have Is Now (Completed)Where stories live. Discover now