(A Little mature : Don't read under18 )
Unicode
“အမူးသမားလေး ”
လျှန်မင်းကဖုန်းဆက်ပြောလာတာကြောင့်
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတစ်ချို့နှင့် Video call meetingလုပ်နေရင်း မြန်မြန်ဖျက်ကာ စိုးရိမ်စိတ်ဖြင့် လာခဲ့သော်လည်း ဒီကလေးကတော့ အေးဆေးဖြင့် သောက်စရာရှိသောက်နေလေရဲ့ ။“လွန်းငယ် ပြန်ရအောင် ”
အနောက်ကနေလွန်းဆက်ရဲ့ လက်ကို
သွားဆွဲတော့ ကောင်လေးက
အံ့ကြိတ်ကာ ပြန်အော်တော့မည့်အချိန် ဈာန်ရှင်းကိုမြင်သွားကာမှ စကားစပြတ်သွား၏ ။“ခင်ဗျား ဘယ်သူ...”
ထို့နောက် လက်ထဲရှိ ခွက်ထဲမှ အနည်းငယ်ကျန်တာကို အကုန်သောက်လိုက်ရင်း
ဈာန်ရှင်းကိုပြုံးပြကာ...“ဦးလေးကြီး..ကျွန်တော့်ကို ဒါလေး နည်းနည်းဝယ်တိုက် ”
လက်ထဲမှ ဘာမှမကျန်သော ခွက်ကို မြှောက်ပြကာပြောသည် ။
တစ်ကယ်အရက်သမားလေး ။
“ပြန်မယ် ကလေး ”
“ကျွန်တော်ကလူကြီး ”
လျှာလေးအာလေးဖြင့် ပြောတော့ ဈာန်ရှင်းမှာ ရယ်ရပြီ ။ ပြောတော့ လူကြီးတဲ့ ။
ပါးဖောင်းဖောင်းလေးတွေက အရက်ရှိန်ကြောင့် ရဲရဲလေးဖြစ်နေတာ နဖူးအုပ်အုပ်ဆံပင်လေးနဲ့ ၊
ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေး ...ဒါလား လူကြီး ။ထိုအမူးသမားလေးက ဒီတိုင်းခေါ်ရင် လိုက်မှာမဟုတ်တာကြောင့် ဆတ်ခနဲ ပွေ့ချီလိုက်တော့ ထိုကလေး လက်လေးတွေက ဈာန်ရှင်း လည်ပင်းတစ်ဝိုက် ဖက်သွယ်လျှက်သား...
“ဦး...ကျွန်တော် သောက်အုံးမယ်လို့ ”
ဈာန်ရှင်းရဲ့ ကော်လံစကို ကိုင်ရင်းပြောနေသော ကောင်လေးမျက်လုံးတို့က မပွင့်တော့ပဲ ပါးစပ်ထဲရှိရာပြောနေ၏ ။
ပွေ့ထားလျှက်နှင့် နှဖူးကို ခပ်ဖွဖွနမ်းမိတော့
ရင်ခွင်ထဲက ကောင်လေးက ဆတ်ခနဲ ခေါင်းမော့ကြည့်ကာ မျက်မှောင်ကြုံ့ကြည့်၏ ။
မျက်နှာလေး ရီဝေရီနှင့် ရဲရဲလေးဖြစ်နေ၏ ။
YOU ARE READING
All We Have Is Now (Completed)
RomanceBoth Zawgyi & Unicode ...... Sweetmance 🍃 START - 29.6.2020 END - 24.9.2020