20

1K 133 4
                                    

Unicode

“မာန် ငါဒီနေ့ ဈေးကို မလိုက်တော့ဘူး ”

လွန်းတို့ တောင်ကြီးကို ရောက်တာ တစ်ပတ်နီးပါးရှိပြီ။ အမေတို့နှင့်တော့ ရောက်တည်းက အဆက်အသွယ်မပြတ်ပါ..။ နှစ်ရက်တစ်ခါလောက်လည်း
ဈေးကိုသွားဖြစ်သည် ။
အဖွား‌နွမ်ကလည်း တစ်ယောက်တည်းနေတာဖြစ်လို့ မာန်နှင့်လွန်းတို့ရောက်လာသည့်အပေါ် ဝမ်းသာမဆုံးဖြစ်နေ၏ ။
လွန်းနေရတာတော့ ပျော်ပါသည် ။
စိတ်ကတော့မချမ်းသာ....

“အင်း..အတော်ပဲ ဒါဆိုဈေးမသွားတော့ဘူး ငါလည်းဒီနေ့သွားစရာရှိနေတာ။ ညနေလောက်မှပြန်လာဖြစ်မယ်
ဒါဆို...အဖွားနဲ့အဖော်လုပ်ပေးလိုက်ပါအုံး။  ငါသွားပြီနော်...ဂရုစိုက် ”

လွန်းရဲ့ခေါင်းကို မာန်က သူ့လက်ဖဝါးကျယ်ကျယ်ဖြင့် အသာဖွပြီးတော့ ထွက်သွားသည် ။ လွန်းကတော့ ပြုံးနေရုံသာ....။

“မြေး...လွန်း”

အိမ်‌အနောက်ခြံထဲမှ အဖွားရဲ့အသံကို ကြားပြီး
လွန်းအမြန်သွားမိတော့...
အဖွားက ကုလားထိုင်ပေါ်မှာ မှီလျှက်ထိုင်နေသည်။
လက်ထဲမှာတော့ စာအုပ်တစ်အုပ် ။
အနားယူရင်းစာဖတ်နေသည်ထင်၏ ။

“အဖွား..ဘာခိုင်းစရာရှိလို့လဲ ”

“မရှိဘူးကလေးရဲ့ ထိုင်ပါဦး ”

အဖွားက စကားကိုတိုးတိုးသာသာပြောရင်း ဘေးနားက ခုံအပုလေးကိုညွှန်ပြသည် ။
လွန်းလည်း အဖွားအတွက် ခြုံပုဝါကိုယူရင်း အဖွားပေါ်ကို ခြုံလွှမ်းပေးလိုက်ကာ ဘေးနားဝင်ထိုင်လိုက်၏ ။

“ဖွားကို မှန်မှန်ပြော မြေးနဲ့မာန်က ဘာတွေလဲ ”

“ဘာမှမဟုတ်ပါဘူး အဖွားရဲ့ ”

“ ဟုတ်လို့လား...အဖွားက လိင်တူကြိုက်လည်း ကန့်ကွက်စရာမရှိပါဘူး..... မြေးလေးကိုဆို ပိုတောင်သဘောကျသေးတာ ”

အဖွားက လွန်းရဲ့ဆံပင်ကိုသပ်ပြီးပြောသည် ။
ဝေခွဲမရဖြစ်နေတာက လွန်း။
အဖွားက ဘာကိုဘယ်လိုထင်သွားတာလဲ။

“အာ အဖွားမှားနေပြီ ။ မာန်နဲ့ကရိုးရိုးသူငယ်ချင်းတွေ ”

အဖွားကပြုံးသည် ။ ထို့နောက်

All We Have Is Now (Completed)Where stories live. Discover now