Unicode
ခွမ်းခနဲ ကျယ်လောင်သော မြည်သံနှင့်အတူ
ဖန်ခွက်အချို့နှင့်ယမကာပုလင်းတို့က မြေပြင်ပေါ်ပြန့်ကျဲလျှက် ။“ ငါအမှုတွေထပ်မလိုက်တော့ဘူးလို့
ပြောတယ်လေ ။ ဘာလဲ ငါ့ပြောတာကိုဒီဖက်နားကဝင် ဟိုဖက်နားကထွက်တာလား ”လက်မှကိုင်ထားလျှက်ရှိသော လက်ကျန်ယမကာထည့်ထားသော ဖန်ခွက်ကို ဈာန်ရှင်း၏အတွင်းရေးမှုး နှင့်မလှမ်းမကမ်း နံရံပေါ်သို့ ထပ်မံ၍
အားဖြင့်ပေါက်မိ၏ ။“အခုချက်ချင်းထွက်သွားစမ်း ”
ထိုသူထွက်သွားသည်နှင့် နက်ခ်တိုင် ကိုလျော့တိလျော့ရဲ ဖြစ်အောင် ဆွဲချလိုက်ရင်း
Sofaပေါ်တွင် မှီကာထိုင်လိုက်သည် ။
အခိုးအငွေ့တို့နှင့်အတူ စိတ်ညစ်ဖို့ဖြေဖျောက်ရန် အတွက် ဆေးလိပ်သောက်ဖို့ကြိုးစားမိသော်လည်း လွန်ခဲ့သော ၇နှစ်ကပေးခဲ့မိသော ကတိတစ်ခုကြောင့် မသောက်ဖြစ် ။ဟုတ်သည် ။
သူကဈာန်ရှင်းဝဏ္ဏ...
လွန်ခဲ့သော ၇နှစ်မှစ၍ အမှုလက်မခံတော့တာ
ယနေ့ထိတိုင်...
ဈာန်ရှင်း၀ဏ္ဏကိုယ်တိုင်က နောက်ထပ် အမှုလက်ခံခြင်းမရှိတော့ ဟု public
သို့ကြေငြာခဲ့သည် ။
ဒါတောင် အသိတရားမရှိတဲ့ လူတွေက အမှုလိုက်ပေးဖို့ရာအတွက် လာတောင်းဆိုတတ်ကြသေး၏ ။ထပ်မံထွက်ပေါ်လာသော ဒေါသတို့ကိုဖြေသိမ့်ရင်း
နောက်ထပ်ဖန်ခွက်ကို လှမ်းယူကာ ယမကာအနည်းငယ်ထည့်သောက်မိ၏ ။
ဆေးလိပ်ကတော့ ဈာန်ရှင်းဝဏ္ဏ၏အိမ်တွင်လုံးဝမထားသလို အလုပ်သမားတို့အားလည်း အိမ်တွင်ဆေးလိပ်မသောက်ခိုင်းပေ ။ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ရင်း
ညီဖြစ်သူ ရန်လင်းကို ဖုန်းခေါ်လိုက်သည် ။
ထွက်ပေါ်နေသော ဒေါသစိတ်တို့ကို ချိုးနှိမ်ဖို့ရန်
လက်သီးဆုပ်ထားလိုက်၏ ။“ရန်လင်း...အဲ့ လျှန်မင်း ဆိုတဲ့ကောင် နောက်ထပ် ငါ့ကိုအမှုထပ်လိုက်ပေးဖို့တောင်းဆိုရင် သတ်ပစ်လိုက် ၊ တူဖြစ်ဖြစ် တူမဖြစ်ဖြစ် အရေးစိုက်မနေနဲ့ ”
ပြောပြီးပြီးချင်း ဖုန်းကိုပါ နံရံသို့ ပစ်ပေါက်လိုက်သည် ။
သည်တစ်ခါ ဓားစာခံဖြစ်သူကတော့ အပြစ်မရှိသည့်ဖုန်း..ပင်ဖြစ်သည် ။
YOU ARE READING
All We Have Is Now (Completed)
RomanceBoth Zawgyi & Unicode ...... Sweetmance 🍃 START - 29.6.2020 END - 24.9.2020