Unicode
မနှစ်ကမွေးနေ့လက်ဆောင်အဖြစ် မေမေပေးခဲ့သော
ယိုးဒယားစက်ဘီးနက်ပြာရောင်လေးကို
တွန်းလာရင်း လေတဖြူးဖြူးခတ်နေသော တောင်ပေါ်လမ်းကို ဖြေးညှင်းစွာတက်လာခဲ့သည် ။
နွေယံလွန်းဆက် တို့ မေမြို့လေးမှာ အေးချမ်းလှသည်မို့
မကြာခင် ခွဲရတော့မည့် ထိုနေရာလေးကို စက်ဘီးစီးရင်း မဖြတ်သန်းနိုင်ပါ ။
ရန်ကုန်သို့သာ ကျောင်းသွားတက်လျှင် တစ်နှစ်တစ်ခါလောက်မှသာ လာခွင့်ရှိတော့မှာဖြစ်တာကြောင့်
သူစိတ်လေးနေမိ၏ ။ သို့သော်လည်း မကြာပါ မေမြို့ကိုပန်းမြို့တော်ဟု
တင်စားခေါ်ဝေါ်ခံရခြင်းနည်းတူ ပျံ့နှံ့လာသော လေထဲတွင် လက်ဆတ် ပန်းရနံ့တို့က ကပ်ပါလာသဖြင့် စိတ်ကြည်လင်သွားရပြန်ပါသည် ။သည်နေ့တွင် သူ၏ဆယ်တန်း အောင်စာရင်းရလဒ် ထွက်လာခဲ့၏ ။
ရည်မှန်းထားသောဂုဏ်ထူး ၄ဘာသာအထိ ပါလာသော်လည်း သူစိတ်မလှုပ်ရှားမိ ။
တက္ကသိုလ်ဆက်မတက်တော့ဘဲ မေမေ့၏ စာအုပ်အရောင်းဆိုင်လေးတွင်သာ ကူလုပ်ရင်း မေမေ့အနားတွင်သာ နေဖို့ရာခွင့်တောင်းဖူးသည် ။
သို့သော်လည်း
မေမေပြောခဲ့ဖူးသော ‘ သားဘွဲ့ရတဲ့ပုံကို အိမ်နံရံလေး မှာချိတ်ထားချင်တယ်သားရယ် ’
ဆိုသည့် စကားကြောင့် နွေယံလွန်းဆက်ခမျာ စိတ်လျော့ကာ ကျောင်းသွားတက်ဖို့ရာ
ပြင်ရသည် ။
သက်ပြင်းတစ်ချို့ကိုချရင်း သွားရာလမ်းအရှေ့ကိုသာ အာရုံစိုက်လိုက်မိတော့သည် ။🍃🍃🍃🍃
လွန်းဆက်မှာ
အမေနှင့်ညီမလေးတစ်ယောက်ရှိသည် ။
ညီမလေးက နောက်နှစ်
ဆယ်တန်းတက်မှာဖြစ်သည် ။
အမေ့၏စာအုပ်ဆိုင်ခွဲ ၃ဆိုင် လောက်နှင့် လွန်းဆက်တို့ကို ကျောင်းထားပေးခဲ့သည် ။
မချို့တဲ့သော်လည်း အချမ်းသာကြီးတော့မဟုတ်ခဲ့ ။
လူတန်းစေ့နေနိုင်အောင်တော့ အမေက ပျိုးထောင်ပေးခဲ့သည် ။အဖေဆုံးသွားခဲ့တုန်းက
ကျွန်တော်မှတ်မိသေး၏ ။
လူမှန်းသိတတ်စအရွယ်ဆိုတော့ တစ်ခုဆို တော်တော်နှင့်မမေ့တတ်ခဲ့ဘူး ။
ထိုအချိန်က ကျွန်တော့်အသက်10နှစ်
လွန်ခဲ့တဲ့ 7နှစ် ။
အဖေ့မှာ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတင်ခဲ့ရတယ် ။
တစ်လအကြာမှာတော့ အဖေဆုံးသွားခဲ့တယ် ။
ကျောက်ကပ်ခွဲစိတ်နေတုန်း ဆေးပညာအမှားကြောင့် အဖေဆုံးသွားခဲ့သည်တဲ့ ။
ထိုကိစ္စကြောင့် အမေကတရားရုံးထိတက်ခဲ့သည် ။
ဆေးပညာမှားယွင်းခဲ့သည့် စာရွက်စာတမ်းကို အမည်မသိဖြင့် လွန်းဆက်တို့ထံ တိုက်ရိုက်ပို့လာခဲ့သည် ။
YOU ARE READING
All We Have Is Now (Completed)
RomansBoth Zawgyi & Unicode ...... Sweetmance 🍃 START - 29.6.2020 END - 24.9.2020