19

888 125 10
                                    

Unicode

“မာန်....မာန် ငါ့ကို ငါ့ကိုကူညီပါဦး ငါ...ငါသူနဲ့ထပ်မတွေ့ချင်တော့ဘူး ....
မာန်...ကျေးဇူးပြုပြီး ”

အခန်းထဲ ဝရုန်းသုန်းကားဝင်လာပြီး ဒူးထောက်မတတ် တောင်းပန်နေတဲ့ လွန်း....
နည်းနည်းလေးငိုရင်တောင်ထိုကောင်လေးရဲ့ ဖြူဉနေတဲ့မျက်နှာလေးက နီရဲလာတာ....
အခုလိုငိုတော့ မျက်နှာလေးက ရဲတွတ်နေသည် ။
ထိုမျက်နှာနုနုပေါ်မှာ မျက်ရည်တို့က အရွှဲသား...
မာန် ချက်ချင်း ထိုင်လိုက်ရင်း
ထိုကောင်လေးကို ဆွဲပွေ့တော့ သူက ငိုနေ‌ဆဲ...

“မင်း...မငိုနဲ့တော့ ငါရှိတယ်။ အဲ့လူနဲ့ဝေးရာကို ခေါ်သွားပေးမယ်”

‌‌ဒီကောင်လေးကို ပိုင်ဆိုင်ချင်ပေမယ့်.
ငိုနေတော့ မာန့်မှာစိတ်မကောင်း
မာန့်နှလုံးသားကို ဆုတ်ဖြဲခံနေရသလိုပဲ...
လွန်းကိုဖက်ထားရင်း
ကျောကုန်းလေးကို ဖြေးဖြေး ပုတ်ပေးတော့
ကောင်လေးက အသက်ပြင်းပြင်းရှူနေပြီးမှ ငြိမ်ကျလာသည်....
အခုထိတော့ လွန်း...တုန်လှုပ်နေတုန်းပဲ။

နာရီဝက်ကျော်‌ကြာ နှစ်သိမ့်ပေးခဲ့ပြီးနောက်တော့ ကောင်လေးက ‌ဖြေးဖြေးချင်းတည်ငြိမ်လာသည် ။
ပြီးကာမှ မာန့်ရင်ခွင်ထဲမှ ရုန်းထွက်ရင်း....

“မာန်...ငါ့ကိုကူညီမယ်မဟုတ်လား
ငါအခု ဘယ်ကိုသွားရမှန်းမသိဘူး သူနဲ့ဝေးဝေးကို ထွက်သွားချင်တယ်...”

မာန့်လက်နှစ်ဖက်ကို လွန်း အကူအညီလိုစွာ ဆုပ်ကိုင်ရင်း မေးမိသည်...
လွန်း စိတ်‌အေးချမ်းဖို့အတွက် ဘယ်ကိုသွားရမှန်းမသိဘူး...
လွန်းသိတဲ့နေရာဆိုလို့ သုံးနေရာထဲရယ်...
အခုရောက်နေတဲ့ မေမြို့ကအမေ့အိမ်နဲ့..
မြောက်ဒဂုံက ရွှန်းတို့အိမ်ရယ်...
ပြီးတော့ ဦးဈာန်နဲ့အတူတူနေခဲ့ကြတဲ့ ရွှေတောင်ကြားလမ်းကအိမ်ရယ်..
ဟော....တွေးနေရင်း ဦးဈာန်ကပေါ်လာပြန်ပြီ...
ဒီကြားထဲ မျက်ရည်တို့က သစ္စာဖောက်သည်...
မငိုပါဘူးဆို၍ အားတင်းထားသည့်ကြားက
မျက်ရည်တို့ ပြိုကျလာသည် ။
လွန်း ငိုတာမြင်တော့ မာန်ကသူ့လက်ဝါးကျယ်ကျယ်နှင့် လွန်းမျက်ရည်တို့ကို ကုန်စင်အောင်သုတ်ပေးသည်။
ပြီးတော့မှသူက လေသံအေးအေးနှင့်...

All We Have Is Now (Completed)Where stories live. Discover now