"မအိပ်ခင်ပြတင်းပေါက်တံခါးတွေကိုသေချာပိတ်လိုက်ဦးနော်။ ကလေးတွေ။"
အသံလာရာကို လှမ်းကြည့်လိုက်တော့ လှေကားကနေ အောက်ထပ်ကို ခပ်သုတ်သုတ် ဆင်းပြေးသွားတဲ့ ကြီးငယ်ရဲ့ အရိပ်လေးကိုသာ မြင်လိုက်ရလေသည်။ ဒီအချိန်ဆို ကြီးငယ် မီးဖိုချောင်ထဲမယ် အလုပ်ရှုပ်နေကျပင်မဟုတ်ပါလား။ မနတ်ဖြန်အတွက် အဆောင်နေ ကျောင်းသားတွေစားဖို့ ထမင်းတွေဟင်းတွေကို ညကတည်းက ပြင်ဆင်နေတဲ့ အိမ်အကူတွေကို ကြီးကြပ်ရတဲ့ တာဝန်ဟာ မြောက်မြားလှစွာသော ကြီးငယ်ရဲ့အလုပ်တာဝန်တွေထဲက တစ်ခုသာ ဖြစ်လေသည်။
"ဟေ့ကောင်။ ငထက်။ မင်းပိတ်လိုက်။"
အိပ်ရာကပင်မထဘဲနှင့် ထက်မာန်ဦးကို အမိန့်ပေးနေတဲ့ စိုင်းဝေယံသည် အသံကစွာကျယ်ကျယ်နှင့်။
"လခွမ်းနဲ့မှ ပိတ်ချင်ရင် မင်းဟာမင်း ထပိတ်ပါလား။"
မလုပ်ပေးချင်တာ မဟုတ်ပေမယ့် ထိုစိုင်းဝေယံဆိုတဲ့ ငပျင်းကောင်ကို နည်းနည်းလေးတော့ ကပ်တတ်မှ အဆင်ပြေမည်။ သူက အိပ်ရာခင်းပြီးလို့ ပက်လက်လှန်ပင်လှဲနေချိန် ခုမှ အိပ်ရာခင်းလက်စတန်းလန်းကြီးဖြစ်တဲ့ ထက်မာန်ဦးကို လာခိုင်းချင်နေသေးသည်။
ဒီမှာက အဆောင်နေဆိုပေမယ့် သီးသန့်အခန်းတွေနဲ့နေရတာ မဟုတ်။ အပေါ်ထပ်ဟောခန်းကြီးအကျယ်ကြီးထဲမှာ လူပေါင်း ဆယ့်ရှစ်ယောက် စုပြီး အိပ်ရခြင်းဖြစ်လေသည်။ အဲ့တော့ ဒီလိုဘဲ ကိုယ်ထူကိုယ်ထစနစ်နှင့် ကိုယ့်အိပ်ရာကိုယ်ကောက်ခင်း ကောက်သိမ်းပင်။ မနတ်ကျလည်း ဒီဟောခန်းထဲမှာ နားတာတို့ စာကျက်တာတို့ လုပ်သေးတာကို။
"မင်းပိတ်လိုက်ပါလားကွာ။ မင်းနဲ့နီးနေတာဘဲဟာ။ "
ပြောင်နေတဲ့ မဟာနဖူးထက်က တိုနံ့နံ့ဆံပင်လေးတွေ ကို ဆွဲပွတ်နေရင်း စိုင်းဝေယံက တညည်းညည်း တညူညူ ပြောလေသည်။ အိပ်ယာနှင့်ကျောပြင်ကပ်လိုက်ပြီဆိုရင် သူ့ကိုယ်လုံးအကြီးကြီးကို ပြန်မထူနိုင်တဲ့ ဒင်းအကြောင်းသိနေတာမို့ ထက်မာန်ဦး လက်လျှော့လိုက်မိတော့သည်။ ဘေးဘီဝဲယာကို ပတ်ကြည့်မိလိုက်တော့လည်း အိပ်ရာထဲခွေခေါက်နေတဲ့ ငပျင်းစိုင်းဝေယံ နှင့် ထက်မာန်ဦး မှလွဲပြီး တခြားလူတွေ တကောင်တမြီးမှ မရှိတော့။ အကုန်လုံးနီးပါး အောက်ထပ်ဆင်းပြီး မျက်နှာသစ်နေကြပြီထင်တယ်။ မတတ်နိုင်ဘူး။ထက်မာန်ဦးဘဲ သွားလုပ်ရမှာပေါ့။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...