"တညနေလုံးဘယ်ပျောက်နေတာလဲ။"
"မီးဖိုချောင်ထဲ ဟင်းသွားခိုးစားနေတာ။"
ထက်မာန်ဦးရဲ့ ခပ်ရွဲ့ရွဲ့စကားကို လွှမ်းက မရယ်ရတဲ့ ဟာသတပုဒ်ကို နားထောင်လိုက်ရသည့်အလား မထိတထိ ရယ်သည်။ ရေချိုးပြီးသွားပုံရတဲ့ လွှမ်းဟာ အိမ်နေရင်း သူဝတ်နေကျ ဘောင်းဘီခပ်တိုတိုနှင့်ညတီရှပ်ပွပွကိုဘဲ ဝတ်ဆင်ထားလေသည်။ ဆံပင်ကလည်း လာစကလို ဘေးတစောင်းထောင်ထားမနေဘဲ ခပ်စင်းစင်းကျနေသည်။ အခုမှ လွှမ်းရဲ့အိမ်နေရင်းအလှအပလေးတွေကို ထက်မာန်ဦးခံစားလိုက်ရသည်။
အဆောင်ထဲကို ကြည့်လိုက်တော့ အကုန်လုံး ညစာစားဆင်းကုန်ကြပြီဖြစ်ပြီး မရှိကြတော့။ ထက်မာန်ဦးကတော့ ထမင်းစားချိန်လည်း လွှမ်းမျက်ခွက်ကို ကြည့်နေရမှာစိုးလို့ ထမင်းသွားကြိုစားထားနှင့်လိုက်ပြီ။ ဒီနေ့ ပုစွန်နဲ့ ချဉ်ပေါင်မျှစ်ကြော်ရယ်၊ သခွားသီး ငါးပိတို့စရာရယ်၊ ဆူးပုပ်ရွက်နဲ့ကြက်ဥကြော် စားလို့ကောင်းမှကောင်း။ လွှမ်းကို စိတ်ပေါက်ပေါက်နှင့်စားလိုက်တာ သုံးပန်းကန်လောက် တက်တက်ပြောင်သွားသည်။
"တညနေလုံး မီးဖိုချောင်ထဲမှာလား။"
"အင်း.."
ထက်မာန်ဦးခေါင်းညိမ့်ပြလိုက်ရင်း လွှမ်းဘေးနားက ဖြတ်သွားဖို့ ပြင်လိုက်သည်။
"ရော့။"
ဖြတ်သွားရင်းနဲ့ လွှမ်းအသံကြောင့် နောက်လှည့်ကြည့်မိသည်။ လွှမ်းလက်ထဲက အထုပ်တစ်ထုပ်။ အနည်းငယ်တော့ အံ့သြသွားပေမယ့် လွှမ်းလက်ထဲက အထုပ်ကို လှမ်းယူလိုက်မိသည်။အထုပ်ကသေသေချာချာကို စက္ကူနှင့် ထုပ်ထားတာမို့ မနည်းဆွဲဖြည်လိုက်ရသည်။ အထဲက ထွက်လာတဲ့ အကျႌကို မြင်တဲ့အချိန်မှာ ထက်မာန်ဦး မျက်ဝန်းတွေ လင်းလက်တောက်ပသွားရသည်။
"အဲ့တာမင်းအတွက်။"
မင်းအတွက်ဆိုတဲ့ စကားလုံးနောက် ရင်ထဲက အစိုင်အခဲ တွေက အကုန်အရည်ပျော်ကျကုန်သည်။ သေချာဖြန့်ကြည့်လိုက်ရင်းမှ ဒါနေ့လည်က လွှမ်းဝတ်လာတဲ့ ခပ်မိူင်းမိူင်း ကော်ဖီရောင် ရှပ်အကျႌလေးမဟုတ်ပါလား။ ထပ်ပြီးတော့ အံ့သြရပြန်သည်။
![](https://img.wattpad.com/cover/233068336-288-k391852.jpg)
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...