အပိုင်း-၂၆ (Unicode)

7.7K 1K 40
                                    


တနေ့တနေ့ အားလပ်နေတဲ့ အချိန်တွေကို ပျင်းရိညည်းငွေ့စွာ ကုန်ဆုံးနေရသည်။ အခုဆို သင်္ကြန်တောင် ဘာမှန်းမသိဘဲ ပြီးသွားလေပြီ။ ဆယ်တန်းမပြီးခင်ကတော့ ဆယ်တန်းများပြီးခဲ့လျှင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ တွေးထားသမျှလည်း ဘယ်ရောက်သွားလဲမသိ။

အိမ်ရှေ့က သရက်ပင်မယ်တော့ သရက်သီးတွေက ပြွတ်နေအောင်သီးနေလေပြီ။ သရက်သီးတွေမြင်တော့ မနှစ်က သူငယ်ချင်းတသိုက်နှင့် သရက်သီးခူးပြီး ကြီးငယ်ကို အတင်းခွဲကျွေးခိုင်းခဲ့တာတွေ တောင်အမှတ်ရသွားလေသည်။

စိတ်ထဲ သကောင့်သားတွေကို သတိရသွားတော့ လူကနေလို့ထိုင်လို့မကောင်းချင်တော့။ ပြတင်းပေါက်ပေါ်မယ်မေးတင်ပြီး ဘယ်ဆီဘယ်ဝယ်မှန်းမသိ ငေးငိုင်နေတဲ့ ထက်မာန်ဦးကို စိုင်းဝေယံမြင်လျှင်ဖြင့် လင်သေတဲ့မုဆိုးမရုပ်နှင့်ဆိုပြီးတော့ သမုတ်ခံရမည်မှာ ကျိန်းသေလေသည်။ သက်ပြင်းက အလိုအလျောက်ချမိလေတော့သည်။

"ကြီးငယ်ရဲ့သားငယ်လေးက သူငယ်ချင်းတွေကို သတိရနေပြီထင်တယ်။"

အနောက်ကနေ သိုင်းဖက်တဲ့ အထိအတွေ့ကြောင့် ထက်မာန်ဦး ကြီးငယ်ကို မော့ကြည့်လိုက်မိသည်။ ပြီးတော့ ကြီးငယ်ရဲ့ရင်ခွင်ထဲ တိုးဝှေ့ပြီး ပွတ်သီးပွတ်သပ် ချွဲနွဲ့လိုက်မိတော့သည်။

"ပြောပါဦး..။ဘာတွေလိုချင်လို့ လာချွဲချင်နေရတာလဲ။"

လိုချင်တိုင်းသာ တောင်းရမယ်ဆို လွှမ်းတို့ စိုင်းဝေယံတို့ကို ပြန်ခေါ်ပေးလို့ တောင်းဆိုချင်သည်။ သို့သော် ဖြစ်မှမဖြစ်နိုင်တာဘဲ။ အရင်လို လိုချင်တာ ဂျီမကျတော့ဘဲ အကျိုးသင့်အကြောင်းသင့်လေး စဉ်းစားတတ်လာပြီဆိုတော့ ထက်မာန်ဦး ဦးနှောက်က ငုံးဥထက်တော့ ကြီးလာပြီထင်လေသည်။

"ကဲ..ကဲ..ကိုယ်တော်လေး။နေခဲ့ဦး။ ကြီးငယ် ကလေးတွေကို သွားပြီး ကြည့်လိုက်ဦးမယ်။ သူတို့ကျောင်းဆင်းတော့မှာ။"

ကြီးငယ်က အနားကနေထွက်ခွာသွားလေသည်။ နောက်ထပ်စာသင်နှစ်တစ်ခုကို ပြန်စနေပြီဖြစ်လို့ အဆောင်နေကျောင်းသားတွေလည်း အသစ်ရောက်ရှိလာလေပြီဖြစ်နေရာ ကြီးငယ်လည်း အလုပ်ရှုပ်နေပြီဖြစ်သည်။ မေမေဆိုလျှင်ပိုဆိုး။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Onde histórias criam vida. Descubra agora