အပိုင်း-၁၀ (Unicode)

10.7K 1.2K 173
                                    


"ဒီနေ့ဝေလွှမ်းရောထက်မာန်ဦးရောက မလာတာလား။"

မင်းဉာဏ်၏ မေးခွန်းကို ထိုကလေးတသိုက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ခြင်းအားဖြင့် တုံ့ပြန်ကြသည်။

"နေမကောင်းတာလား။ ဘာဖြစ်လို့မလာတာလဲ။"

"သူတို့နေ့လည်ကတည်းက အပြင်ထွက်သွားတာ ခုထိ ပြန်မရောက်လာသေးဘူးထင်တယ်။"

ထိုအသံတိုးတိုးလေးသည် မင်းဉာဏ်ကိုပြန်ဖြေခြင်းမဟုတ်။ သူတို့အချင်းချင်း တီးတိုးပြောလိုက်တာကို မင်းဉာဏ်နားစွန်နားဖျားကြားသွားတာသာ ဖြစ်သည်။ ရှေ့မှာ မတ်တပ်ကြီးရပ်ပြီး မေးနေတဲ့ မင်းဉာဏ်ကိုတော့ အာရုံမစိုက်ကြ။

"အပြင်ထွက်သွားကြတာလား။"

ထိုသို့တည့်မေးလိုက်ပြန်တော့လည်း မဖြေကြပြန်။ အချင်းချင်း အပြန်အလှန်ကို ဖုံးကွယ်ပေးနေကြတာကို သိလိုက်တာမို့ မင်းဉာဏ်လည်း ဘာမှထပ်ပြောမနေတော့။ မကျေမနပ်နှင့်သာ မင်းဉာဏ်ရေရွတ်လိုက်မိသည်။

"အဲ့ကလေးနှစ်ကောင် တော်တော်အကျင့်ပျက်နေတာဘဲ။"

အချင်းချင်း ခပ်တိုးတိုးပြောနေကြတဲ့ အသံတွေသည် တိတ်ကျသွားလေသည်။ မင်းဉာဏ်စိတ်ဆိုးသွားတာကို ထိုကလေးတွေ သဘောပေါက်သွားပုံရသည်။ White Board ပေါ်မှာ စာရေးဖို့အတွက် မင်းဉာဏ် ဆော့ပင်ကို လှမ်းကိုင်လိုက်သည်။ မင်းဉာဏ်ကျောခိုင်းလိုက်သည်နှင့် စကားသံတွေက တဖန်ပြန်ထွက်ပေါ်လာမြဲ။

"အခုချိန်ထိ မလာသေးရင် ပြန်မရောက်သေးတာဘဲနေမှာ။"

"သူတို့ကလည်း သူတို့ဘဲ။ တီချယ်ကြီးကိုမှ မကြောက်မလန့်။"

"ဟေ့ကောင်တွေ။ အဲ့နှစ်ကောင်ခိုးများပြေးသွားတာလား။ ခွီး။"

White Board ပေါ်စာရေးနေတဲ့ မင်းဉာဏ်ရဲ့လက်ထဲက ဆော့ပင်လေးဟာ ရှေ့တက်မသွားတော့။ ခံရခက်လှတဲ့ ကသိကအောင့် ခံစားချက်သည် အဓိပ္ပါယ်မဖွင့်နိုင်။

"စာကျက်ဆိုမကျက်ဘူး။စကားတွေကျတော့ များလိုက်တာ။ ဒီပုံပြီးရင် မင်းတို့ကို တစ်ယောက်ချင်းစီ Label တပ်ခိုင်းမယ်။ အခုစာကြည့်ထားကြ။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Donde viven las historias. Descúbrelo ahora