"သောက်ခွမ်းဘဲဟေ့။"
ထက်မာန်ဦး ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်လိုက်မိတော့သည်။ သေချာကို ထည့်လာရက်သားနဲ့ ဘာလို့ လိုတဲ့ Data တွေပါမလာဘဲ တခြားရှိပြီးသား အဟောင်းတွေဘဲ ပါလာရတာပါလိမ့်။ ရုံးကနေ အိမ်ကို ပြန်ရောက်ရောက်ချင်းမှာဘဲ လူက အေးအေးသက်သာမနားရဘဲ စိတ်ကတိုရလေပြီ။ ဒီလကုန်အပြီး စစ်ဖို့ကလည်း လိုအပ်နေတာမို့ ထက်မာန်ဦးမှာ စိတ်တိုတိုနှင့်ပင် အိမ်ကနေ ရုံးကို တစ်ခါ ပြန်သွားဖို့ ပြင်ရသည်။
"ဒါနဲ့ ဒီအပတ် ချောတို့ အိမ်လာမယ်တဲ့နော်။"
ထက်မာန်ဦး အခန်းထဲက ထွက်ထွက်ချင်းမှာဘဲ ချောဆိုတဲ့ စကားကြောင့် ထက်မာန်ဦး နားရွက်လေးထောင်သွားလေသည်။ မေမေနှင့် ကြီးငယ်သည် ထက်မာန်ဦး ထွက်လာတာကို မသိဘဲ ထမင်းစားခန်းဘေးမှာ ရပ်ပြီး အချင်းချင်းစကားပြောနေလေဆဲ။
"ဟယ်။ဘယ်ရက်လဲ။ ညီမလေး မမချောတို့အတွက် အစားအသောက်တွေ ကြိုပြင်ရအောင်။"
"လာမယ့် သောကြာနေ့လာမှာ။နေ့လည်ပိုင်းလောက်ဆိုပေမယ့် နေ့လည်စာကို ဒီမှာဘဲ စားမယ်လို့ ပြောတယ်။နေ့လည်စာဘဲ ပြင်ထားလိုက်လေ။"
"မမချောတစ်ယောက်ဘဲလာမှာလား။"
အစကတော့ အန်တီချောလာသည် မလာသည်ကို သိပ်ပြီးစိတ်မဝင်စားလှတာမို့ ထက်မာန်ဦး အိမ်ရှေ့သို့မြန်မြန်ထွက်သွားဖို့ ပြင်ပြီးပြီ။ ဒီအပတ် သောကြာနေ့ နေ့လည်ကျောင်းမှာ အစည်းအဝေးရှိနေတာကိုလည်း အကြောင်းပြပြီး အဲ့မျက်နှာကို မမြင်ချင် ရှောင်နေလို့ ရသည်။ သို့သော် မေမေ့ရဲ့ အဖြေက ထက်မာန်ဦးရဲ့ ခြေလှမ်းတို့ကို တုံ့နှေးသွားစေသည်။
"မဟုတ်ဘူး။ သူ့အမျိုးသားရော။ ဝေလွှမ်းရောပါတယ်။"
ဝေလွှမ်းပါလာမှာတဲ့လား။ သောကြာနေ့ အစည်းအဝေးဖျတ်ပစ်ဖို့ ခေါင်းထဲက ဉာဏ်နီဉာဏ်နက်တွေကို စတင်ပြီး ထုတ်သုံးနေပြီ ဖြစ်သည်။ ဖျတ်သင့်လား။မဖျတ်သင့်လား။ ထက်မာန်ဦး မပါဘဲ အစည်းအဝေးက အဆင်ပြေနိုင်မလား။ ရုံးက တခြားတစ်ယောက်ကို လွှဲလိုက်လို့ရော ရနိုင်မလား။ဘယ်ကဘယ်လို ထက်မာန်ဦးရဲ့ ခြေထောက်တွေက ထမင်းစားခန်းနားကို ရောက်သွားလေလဲမသိ။
![](https://img.wattpad.com/cover/233068336-288-k391852.jpg)
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...