အပိုင်း-၂၈ (Unicode)

8.5K 1K 186
                                    

"လွှမ်း..!"

ထက်မာန်ဦး လှမ်းခေါ်လိုက်တော့ ဝရံတာပေါ် မေးထောက်ငေးနေရာမှ လွှမ်းက လှည့်ကြည့်လာလေသည်။လွှမ်းကို မြင်မြင်ချင်းမှာဘဲ ထက်မာန်ဦး ကိုင်ပေါက်ချင်စိတ်ပေါက်လာသည်။ ထက်မာန်ဦးမှာ အိမ်အကူတွေကို ဟိုမေး ဒီမေးနဲ့ လွှမ်းကိုမနည်းရှာရတာ။

"မင်းဘာလို့ ထမင်းစားနေတုန်း တဝက်တပျက် ထထွက်သွားရတာလဲ။"

ထက်မာန်ဦး လွှမ်းနားကို အပြေးသွားလိုက်ရင်း မေးလိုက်မိသည်။ လွှမ်းထွက်သွားတော့ အန်တီချောခမျာ မျက်နှာလေးကိုညိုးကျသွားတော့တာက သနားစရာ။ ပြီးတော့ထွက်သွားတာတောင် ကောင်းကောင်းမထွက်သွားဘူး။ ခြေပါဆောင့်နင်းပြီး ထွက်သွားတာ။ လွှမ်းခြေသံကြမ်းတာကို တသက်နှင့် တကိုယ် ပထမဆုံး ကြားဖူးခြင်းဘဲ။

"ဟင်းမကောင်းလို့။"

မရယ်ရတဲ့ အကြောင်းပြချက် တစ်ခုကို လွှမ်းက ပေးသည်။ထက်မာန်ဦး ပြောထည့်လိုက်ရ မကောင်းရှိတော့မည်။ ဟင်းအမယ်တမျိုးချင်းစီကို စေ့စေ့စပ်စပ် လိုက်ရေနေမယ်ဆို တနေကုန် ထမင်းစားတဲ့ဆီမရောက်ဖြစ်လောက်အောင် စုံလင်လှတဲ့ ဟင်းပွဲကြီးကို။

"သြော်..အေး။ ကြည့်ရတာ ငါတို့အဆောင်မှာနေ့တုန်းက တနေ့တနေ့ ဘဲဥ ၊ ကြက်သား၊ ငါး၊ ဘဲဥနဲ့လုံးလည်ချာလည်လိုက်နေရတော့ မင်းပါးစပ်က အကောင်းတွေကို မခံစားတတ်တော့ နေမှာ။"

ထက်မာန်ဦးပါးစပ်က ပြောဖြစ်အောင် ပြောထွက်သွားလေတော့သည်။ အဲ့လိုဘုတောလိုက်တော့မှဘဲ စူပုပ်နေတဲ့ လွှမ်းမျက်နှာက နည်းနည်းကြည်ကြည်သာသာဖြစ်တော့သည်။

"ရယ်မနေနဲ့။ ဒါနဲ့ အပြင်သွားမယ်ဆို။ ဘာလို့ ဒီမှာလဲ။"

"မင်းစားလို့ပြီးတဲ့အထိ ငါကစောင့်နေတာလေ။"

"သြော်..ငါ့ကိုစောင့်နေတာလား။"

မျက်လုံးဝိုင်းလေးတွေနှင့် မာန်က မေးလေသည်။ တုံးတယ်လို့ ပြောလျှင်တောင် ချီးမွမ်းရာရောက်ဦးမည်။ တကယ်က စဉ်းစားဉာဏ်ကိုမရှိတာ။ ထမင်းဝိုင်းကနေ မထခင် သူ့ကို လှမ်းခေါ်တာ မကြားဖူးလား။ ဝေလွှမ်း မျက်မှောင်တစ်ချက်ကုတ်ကြည့်လျှင်ကိုဘဲ မာန်သည် ဝေလွှမ်းကို ပြေးပြီး လာဖက်လေတော့သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Tempat cerita menjadi hidup. Temukan sekarang