အပိုင်း-၅၆ (Unicode)

10.7K 1.1K 224
                                        


"စိုင်းဝေယံ!!"

ခြံပေါက်ဝကနေ ခြံထဲကိုတောင် ခြေတလှမ်းမချရသေးခင် ထက်မာန်ဦးရဲ့ အသံကြီးက ဟိန်းထွက်လာလေသည်။ စိုင်းဝေယံ ခြံထဲကိုလှမ်းကြည့်လိုက်တော့ စိုင်းဝေယံဆီ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတဲ့ ထက်မာန်ဦး။ အချိန်ကားမနက်ကိုးနာရီခန့်။

"ဘာ..ဘာလဲ။ ကိုမင်းဉာဏ်က မရမက ငါ့ကို အတင်းမေးနေလို့ ပြောပြလိုက်ရတာ။ မဖြေရင် ငါ့အိမ်ကနေတောင် ပြန်မယ့်ပုံမပေါ်ဘူး။ မင်းတို့နှစ်ကောင်က ငါ့သူငယ်ချင်းတွေမို့။ သူ့ကိုတော့ ငါတင်ကျွေးမထားနိုင်..။"

တဖြည်းဖြည်း နီးကပ်လာတဲ့ ထက်မာန်ဦးကို စိုင်းဝေယံ ပါးစပ်ကနေ ကရားရေလွှတ်တတွတ်တွတ် ရှင်းပြဖို့ ကြိုးစားလိုက်ရသည်။

"ငါအဲ့ကိုမင်းဉာဏ်ကို စိတ်မဝင်စားဘူး။ ငါတင်းတာ သပ်သပ်ကိစ္စ။"

ထက်မာန်ဦးစကားကြောင့် စိုင်းဝေယံပါးစပ်ပိတ်သွားလေသလို မျက်ခုံးနက်နက်တွေက ပင့်တက်သွားလေသည်။ ထက်မာန်ဦးသည် ခါးပေါ်ကို လက်မထောက်ရုံတမယ် စိုင်းဝေယံကို စွာတာတာအမူအရာနှင့်ကြည့်နေလေသည်။

"မင်းရဲ့ကြက်ဖကြီး ဂေးနေတဲ့ကိစ္စ။"

"ဟမ်။"

ထက်မာန်ဦးစကားကြောင့် စိုင်းဝေယံ ဘာပြန်ပြောရမလဲတောင် မသိဖြစ်သွားလေသည်။ သူ့အိမ်ရောက်တာနဲ့ ပြသနာက ရှာခံရတော့သည်။ ဘယ်လောက်ဘဲ ပြသနာရှာပေမယ့် စိုင်းဝေယံ နှစ်ချက်လောက်ထိုးချလိုက်လျှင်ပင် ကျိုးသွားနိုင်တဲ့ ၀ါးခြံတံခါးလေးကို ဖွင့်ပေးတာမို့တော်ရော့သည်။ ပါးစပ်ကတော့ တဗျစ်တောက်တောက် ပြောနေဆဲ။ သူ့လေကြောနှင့် သူနစ်မျောနေရင်း ထက်မာန်ဦးသည် မိုးဝေကားပေါ်ကနေဆင်းလာတာကိုပင် သတိမထားမိ။

"ငါ့ကြက်မတွေ သူ့နားသွားတိုင်း အဲ့သူတောင်းစားကြက်က ခွပ်,ခွပ်လွှတ်မှတော့ ငါကဘယ်အပေါက်ကနေ ကြက်ဥရတော့မလဲ။ ဟေ့။ဟေ့။ မထိနဲ့!"

တံခါးဖွင့်ပေးပြီးလို့ ခြံထဲပြန်ဝင်မည်ကြံနေတဲ့ ထက်မာန်ဦးသည် နောက်ကို ပြန်လှည့်ကြည့်လိုက်ရင်း မိုးဝေကို လှမ်းအော်ပစ်လေသည်။ ဂန္ဓမာပန်းဖြူလေးတွေရဲ့ ပွင့်ဖတ်သေးသေးလေးကို လက်ဖျားလေးနှင့် ထိတွေ့မိရုံရှိသေးသည်။ မိုးဝေခမျာ သူ့ရဲ့လက်ကိုဖျတ်ခနဲ ပြန်ရုတ်လိုက်လေပြီး ထက်မာန်ဦး မမြင်အောင် နောက်မှာဖွက်ထားလိုက်မိလေသည်။ ထက်မာန်ဦးရဲ့ အသံပြဲနဲ့တင် မသိစိတ်က အလိုအလျောက် ပြုမူလိုက်မိခြင်း ဖြစ်ပေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Место, где живут истории. Откройте их для себя