"နိုးပြီလား။သားငယ်။"
အိပ်ခန်းထဲက ထွက်လာလာချင်းမှာဘဲ ကြီးငယ်နှင့် တန်းတိုးလေသည်။ ကြီးငယ်လက်ထဲမှာ စျေးခြင်းတောင်းကြီးဆွဲလာတာမို့ ကြီးငယ် စျေးက ပြန်လာမှန်းတော့ တပ်အပ်သိလိုက်သည်။ လူကတော့ မနေ့ညကအရှိန်နှင့် ခေါင်းထဲ အနည်းငယ်ထိုးကိုက်လို့နေသည်။ ထက်မာန်ဦး ခေါင်းလေးကုတ်ရင်း တစ်ချက်ရယ်ပြလိုက်ကာ ကြီးငယ်လက်ထဲက စျေးခြင်းတောင်းကို သွားကူဆွဲပေးလိုက်လေသည်။ နောက်မှဘဲ ကြီးငယ်ကို ချွဲပြီး ကော်ဖီနှင့် သံပုရာရည် ဖျော်ခိုင်းရမည်။
"အမယ်လေး။ ကုန်စျေးနူန်းတွေကလည်း တက်သလားမမေးနဲ့။ ဒါနဲ့ ဒီနေ့ မနတ်စာအတွက် အုန်းနို့ခေါက်ဆွဲဝယ်လာတယ်။ အရင်ဆိုင်ကတော့ မဟုတ်ဘူး။ တခြားဆိုင်က ပြောင်းဝယ်လာတာ။ သားငယ် စားကြည့်ဦး။"
ကြီးငယ်က တစ်ယောက်တည်း တဗျစ်တောက်တောက် ရေရွတ်ရင်းနှင့် မီးဖိုချောင်ထဲကို ရှေ့ကနေ ဝင်သွားလေသည်။ ထက်မာန်ဦးကတော့ ခြင်းတောင်းကြီး ကိုင်ရင်း နောက်ကနေ လိုက်ရုံပေါ့။
"ဒါနဲ့ သားငယ်။ ဒီနေ့အားလား.။"
ခြင်းတောင်းကို စားပွဲပေါ်တင်ပေးလိုက်သည်နှင့် ကြီးငယ်သည် ခြင်းတောင်းထဲက ဟင်းသီးဟင်းရွက်၊ အသားငါးတွေကို ကို စစ်ထုတ်ရင်း ရေခဲသေတ္တာထဲ ထည့်တန်ထည့်၊ ကြောင်အိမ်ထဲ ထည့်တန်ထည့်နှင့် အလုပ်ရှုပ်နေလေသည်။ အလုပ်ရှုပ်နေရင်းမှကို ထက်မာန်ဦးကိုလည်း လှမ်းစကားပြောနေသေးသည်။ ထက်မာန်ဦး ရေခဲသေတ္တာထဲမှ ရေတစ်ခွက် ခပ်သောက်လိုက်ရင်း
"သား မေမေခိုင်းထားတဲ့ ဟာတစ်ခုတော့လုပ်စရာရှိတယ်။ဘာဖြစ်လို့လဲ ။ ကြီးငယ်။ "
" ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဆရာမဆီမှာ အဆောင်လေးသွားယူစရာရှိလို့။ အဲ့တာ သားသွားယူပေးလို့များအဆင်ပြေမလားလို့။"
ဒီနေရာတွင် ကြီးငယ်ဆိုလိုတဲ့ ဆရာမဆိုသည်မှာ ဗေဒင်ဆရာမမှန်း တပ်အပ်သိသည်။ မေမေနှင့် ကြီးငယ်တို့ ကိုးကွယ်တဲ့ ဆရာမပေါ့။ ထက်မာန်ဦးကတော့ ဗေဒင်ကို ယုံသည်လည်း မဟုတ်၊ မယုံဘူးလည်း မဟုတ်ပေမယ့်လို့ မေမေနှင့် ကြီးငယ်တို့ ကောင်းမူဖြင့် ဗေဒင်ဆရာမနှင့် အကျွမ်းတဝင်တော့ရှိသည်။ "တောင်ဥက္ကာလာဘက်မဟုတ်လား။ ရတယ်လေ။ အဲ့ဘက်ဆိုရင်တော့ လမ်းကြုံတယ်။"
![](https://img.wattpad.com/cover/233068336-288-k391852.jpg)
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...