အပိုင်း-၃ (Unicode)

15.2K 1.6K 207
                                    

"ဒီနေ့တော့ ငါတော့သေပြီထင်တယ်။ Bioတွေတစ်လုံးမှမရသေးဘူး။"

ထက်မာန်ဦးကြည့်လိုက်တော့ စားပွဲပေါ်မျက်နှာကို မှောက်ချထားလေတဲ့ စိုင်းဝေယံ။ ထက်မာန်ဦး ရဲ့ ဘယ်ဘက်မှာရှိနေတဲ့ လွှမ်းကတော့ စိုင်းဝေယံစကားကို ကြားဟန်မတူ။ Bio ဖတ်စာအုပ် အခန်း (၅) ထဲက စာတွေကို အပြန်ပြန်အလှန်လှန်ဖတ်နေသည်မှာ စာအုပ်ထဲ မျက်လုံးကြီးကျွတ်ဝင်ကျမတတ်ပင်။

"ဘာဖြစ်လဲ။ မရတော့လည်း အပြစ်ပေးခံလိုက်ပေါ့။ မသကာ ခုံပေါ် တက်ရပ်ရရုံဘဲ။"

ထက်မာန်ဦး ရဲ့အားပေးစကားက အားဖြစ်စေသလားတော့ မသိပါ။ စိုင်းဝေယံရဲ့သက်ပြင်းချသံ ကြီးက တမေ့တမောထွက်ပေါ်လာလေသည်။ ထက်မာန်ဦးလည်း စာမရသေးပါ။ သို့သော် ထက်မာန်ဦးမှာကလျို့ဝှက်ချက်ရှိသည်။

ခုံအောက်မှာ ရှိနေတဲ့ ဖိနပ်ကို ခြေထောက်နှင့် ထိုးကလော်ပြီး မှောက်ခုံလုပ်ပစ်လိုက်လေသည်။ ဖိနပ်မှောက်ထားရင် စာမေးမခံရဆိုတာကြီး ထက်မာန်ဦး ကြားပြီးကတည်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ စာသင်ချိန်တွေမှာ ထက်မာန်ဦးဖိနပ်က မှောက်လျက်မှ အတည့်ကိုပြန်ဖြစ်မနေတော့။

"ခုံပေါ်ကို ဒီအတိုင်းတက်ရရင် တော်သေးတယ်။ ရပ်နေချိန် ပေါက်ပေါက်ဖောက်ခံရရင်တော့ မလွယ်ဘူး။ မင်းသိသားနဲ့။ အဲ့ဘိုးတော်ပေါက်စက သောက်ရမ်းကိုရစ်တာ။"

ဘိုးတော်ပေါက်စဆိုတဲ့ စကားကြောင့် ထက်မာန်ဦး မျက်လုံးထဲ ထက်မာန်ဦးတို့ရဲ့ ဆယ်တန်းဂိုက်ဆရာဖြစ်တဲ့ ကိုမင်းဉာဏ်ကိုပြေးမြင်လိုက်မိလေသည်။ ပိရိသေသပ်တဲ့ နူတ်ခမ်းပါးတွေနှင့် ထင်းနေတဲ့ မေးရိုးပြင်ဟာ ကိုမင်းဉာဏ်ရဲ့ အမှတ်အသားတွေပင်။ အသားအရည်ခပ်လတ်လတ်နှင့် ရုပ်ရည်အရ ဘိုးတော်ပေါက်စလို့ခေါ်ခံရတဲ့အထိ အသက်မကြီးပေမယ့်လို့

"လာပြီ။ လာပြီ။ ဟေ့ကောင်တွေ။"

နောက်တန်းက ကောင်တွေက အုတ်အုတ်ကြတ်ကြတ်နှင့် ကိုယ့်နေရာ ကိုယ်အပြေးဝင်ထိုင်ကြတော့ ထက်မာန်ဦး အတွေးတဝက်နှင့် လှည့်ကြည့်လိုက်မိသည်။ စာသင်ခန်းထဲ ဝင်လာတဲ့ ကိုမင်းဉာဏ်ကို တွေ့လိုက်ရလေသည်။ အဖြူနဲ့အနက်စင်း စတစ်ကော်လံအကျႌလေးဟာ သူ့ရဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ပေါ်မယ် နေသားတကျ။ အောက်က ကချင်ပုဆိုးအပြာအကွက်စိပ်လေးနှင့် ဖိနပ်က သားရေဖိနပ်အညိုရောင်။ ဒီလို ဝတ်ပုံစားပုံကြောင့်ဘဲ ဘိုးတော်ပေါက်စလို့ခေါ်ခံနေရတာ။ ထက်မာန်ဦးတို့နှင့် အလွန်ဆုံးကွာလှ သုံးနှစ်လေးနှစ်ဆိုပေမယ့် သူ့ပုံစံက လူငယ်တစ်ယောက်လို ပေါ့ပေါ့ပါးပါးဟန်မရှိ။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Onde histórias criam vida. Descubra agora