မနတ်ခင်းသည် ထက်မာန်ဦးရဲ့ ကြက်ခြံထဲက ကြက်မတွေရဲ့ ကတော်ကတော်အော်သံနှင့် သာယာနာပျော်ဖွယ်ဖြစ်နေသည်။ လွှမ်းကတော့ မနတ်အစောကြီးကပင် ရွာထဲက မွေးလူနာပင့်ရောက်လာလေရာ ပါသွားပြန်လေသည်။ မိုးဝေသည် ဘာအထုတ်အပိုးမှ မပါလာသော်လည်း ထက်မာန်ဦးတို့ရဲ့ အိမ်ပေါ်ကနေ အခုထိ မဆင်းနိုင်သေး။ ကိုယ်တိုင်ကလည်း မငတ်ရုံတမယ် လုပ်ကိုင်စားသောက်နေရလျှက်ရှိလေရာ မိုးဝေအတွက် ဘာလက်ဆောင်မှ ထည့်မပေးနိုင်။
"ဖုန်းတစ်လုံးလောက်တော့ ဝယ်သင့်တယ်။ မင်းတို့ကိုဆက်သွယ်လို့ရအောင်။"
"လုပ်မနေနဲ့။ ဖုန်းက အိမ်ထဲလိုင်းမမိဘူး။"
ထက်မာန်ဦးရဲ့ ပြန်ချေပမူကြောင့် မိုးဝေက ဘာမှပြန်မပြောတော့ပေ။ အိမ်ရှေ့ကအုတ်လှေကားပေါ်ခြေချလိုက်တဲ့အချိန် ထက်မာန်ဦးနောက်ကနေ မိုးဝေကို လှမ်းခေါ်လိုက်လေသည်။
"ဟေ့ကောင်။"
"ဘာလဲ။ပြော။"
မိုးဝေသည် ပြန်မည်ကြံကာမှအနှောင့် ဝင်သလိုနှင့်စိတ်မရှည်တဲ့ပုံဖမ်းပြီး လှည့်ကြည့်သည်။
"အိမ်လေးကိုပြောပေး။ငါကတောင်းပန်ပါတယ်လို့။"
"တောင်းပန်တာကဟုတ်ပြီ။ ငါကဘာဆက်ပြောရမလဲ။ မင်းအိမ်ထောင်ကျသွားပြီလို့ပြောရမှာလား။"
မိုးဝေသည် ထုံးစံအတိုင်း ရွတ်နောက်နောက်နှင့်။ ထက်မာန်ဦးမှာ မျက်စောင်းကြီးတစ်ချက်သာခဲလိုက်နိုင်ပြီး ထပ်လည်း ဒင်းကို ဆောင့်မကန်နိုင်တော့။ မိုးဝေက ထက်မာန်ဦးရဲ့ ရှုံ့မဲ့နေတဲ့မျက်နှာကိုကြည့်ပြီး ရယ်သည်။
"ဒါဆိုဘယ်လိုပြောရမှာလဲ။"
"ငါကတောင်းပန်ပါတယ်လို့သာ သေသေချာချာပြောလိုက်။ ငါ့ဖေ့စ်ဘွတ်အကောင့်မှာ အိမ်လေးကို Tag ထားတဲ့ post တွေရှိတယ်။အဲ့ကနေ ရှာပြီးသွားပြောတာဘဲဖြစ်ဖြစ်။ အာ။ အဲ့လိုကြီးကျမကောင်းပါဘူး။ မင်းကိုယ်တိုင် အပြင်မှာသွားပြောရင်ရော။ အဲ့လိုလည်း မဟုတ်သေးပါဘူး။ ငါကိုယ်တိုင်ဘဲ ပြောသင့်တာလား။ ဒါပေမယ့်...။"
VOCÊ ESTÁ LENDO
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...