"ဝေလွှမ်းမသက်သာသေးဘူးလား။"
စာသင်ဆောင်ကို တစ်ယောက်တည်း ရောက်လာပြန်တဲ့ ထက်မာန်ဦးကိုလှမ်းမေးကြသည်။ ထက်မာန်ဦးခေါင်းကို ခပ်လေးလေးခါယမ်းပြလိုက်ရင်း ကိုယ့်ခုံမှာကိုယ် ဆောင့်အောင့်ပြီး ဝင်ထိုင်လိုက်သည်။ လွှမ်း နေမကောင်းလို့ နားနေရတာ သုံးရက်ပြည့်တော့မည်ဖြစ်သည်။ လွှမ်းရဲ့ အခန်းထဲ ဝင်ချင်တယ်ဆိုတာတောင် ဝင်ခွင့်မရခဲ့တဲ့အပေါ် ထက်မာန်ဦး စိတ်တွေတိုနေမိသည်။
"ဒီလောက်ထိခဏခဏ မူးလဲလိုက်အန်လိုက်နဲ့ ဖြစ်နေတာ ရောဂါကြီးကြီးမားမားများရှိနေတာလား။"
နဂိုကတည်းက ဝေလွှမ်းအတွက် အားလုံးက စိတ်တွေပူနေကြတာ။ မိုးဝေစကားက မီးလောင်ရာ လေပင့်လိုက်သည့်နှယ်။
"မင်းသောက်ပါးစပ်ပုပ်ကြီးနဲ့။ မဦးမချွတ်။ဖွဟဲ့။ဖွ။"
ထက်မာန်ဦး နည်းနည်းလေးမာန်မဲလိုက်တော့မှ မိုးဝေက ဇက်ကလေး ပုပြပြီး ငြိမ်ကျသွားတော့သည်။ ကျန်တဲ့သူတွေကတော့ စိုးရိမ်မကင်းလေဟန်အကြည့်တွေက ထက်မာန်ဦးဆီစုပြုံဝင်ရောက်လာတာမို့ ထက်မာန်ဦး အလောတကြီးထပြောရသည်။မဟုတ်လျှင် သူတို့အတွေးထဲမှာတင်ကိုဘဲ လွှမ်းက အသုဘချပြီးသားဖြစ်နေလောက်ပြီ။
"ဘာမှစိတ်ပူမနေကြနဲ့။ လွှမ်းက ဘာမှမဖြစ်ဘူး။ ဆရာဝန်ပြောတာကတော့ စိတ်ဖိစီးတာတဲ့။ မင်းတို့သာ ပေါက်ကရတွေလျှောက်မပြောနဲ့။"
"အေး။ စာမေးပွဲကလည်းနီးလာတော့ သူ Stress ပိတာနေမှာပေါ့။"
ပြည့်စုံက သူ့ထင်မြင်ချက်ကို ဖော်ထုတ်ပြောသည်။ ထက်မာန်ဦး မှန်သည်မှားသည် ပြန်မဝေဖန်မိပေမယ့် အနည်းငယ်တော့ တွေဝေလို့သွားလေသည်။ ထက်မာန်ဦးကတော့ စာမေးပွဲဟာ လွှမ်းကိုစိတ်ဖိစီးစေမယ့်အကြောင်းအရာလို့ မထင်မိ။
မငြိမ်စဖူး ထက်မာန်ဦး ငြိမ်ကျသွားတဲ့အပြင် ဆရာမကလည်း ဝင်လာတာကြောင့် အားလုံးသည် လွှမ်းနှင့်ပတ်သက်ပြီး ထက်မာန်ဦးကို ထပ်ပြီးစကားမစတော့ပေ။
"မေမေ။"
မေမေ့အနားမှာ ရပ်နေတာ အတန်ကြာတော့မှ ထက်မာန်ဦး ခပ်တိုးတိုးလေး လှမ်းခေါ်မိသည်။ အခုထက်မာန်ဦး ရောက်နေသော နေရာသည် မေမေ့ရဲ့ ရုံးခန်း။ ထက်မာန်ဦး ရောက်စကတည်းက မေမေ သည် စာရင်းဖိုင်တွဲတချို့ကို မွှေနှောက်ရှာရင်း အလုပ်ရှုပ်နေပုံရတာကြောင့် လှမ်းခေါ်လိုက်လျှင် ထက်မာန်ဦးကို နှင်လွှတ်လိမ့်မည်ဟု ထင်ထားမိသော်လည်း နှင်မလွှတ်ခဲ့။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...