"မင်းဘယ်သွားမလို့လဲ။"
ပုံမှန်ဆို အောက်က ကာတွန်းဘောင်းဘီအရှည် ပွပွနှင့် အပေါ်ကတီရှပ်အဖြူအစုတ်သာ ဝတ်လေ့ရှိတဲ့ မာန်က အရိုးခေါင်းပုံစံ တီရှပ်အနက်နှင့် အောက်က ဂျင်းပင် အပြာတွေ ဘာတွေ လဲနေတော့ ဝေလွှမ်းမနေနိုင်မထိုင်နိုင် မေးရလေပြီ။
"မြို့ထဲဘက်။"
ထက်မာန်ဦးက အကျႌကို ပိုစတိုင်ကျအောင် ဘောင်းဘီ ရှေ့ထုတ်ဝတ်လိုက်ရင်း တိုတိုတုတ်တုတ်ပင်ဖြေလေသည်။
"ဘာသွားလုပ်မှာလဲံ။"
ထက်မာန်ဦး စိတ်လေသွားသည်။ ဒီကောင် ဘယ်တုန်းက အဲ့လောက်စပ်စုတတ်သွားရတာလဲ။ ထက်မာန်ဦးကရောဘယ်တုန်းက ဒီကောင်ကို သံတော်ဦးတင်ရတဲ့ အခြေအနေရောက်သွားရတာလဲ။
"မင်းကငါ့အမေမို့ ငါကအတိအကျလိုက်ဖြေရမှာလား!"
"မင်းအမေတော့ မဟုတ်ဘူး။ဒါပေမယ့် ငါကမင်းအမေကိုတော့ တိုင်လို့ရတယ်နော်။"
ထက်မာန်ဦး ရဲ့ပျော့ကွယ်နှင့် ဒီကောင်ကတော့ ထက်မာန်ဦး ကို အကျပ်ကိုင်လေသည်။ ထက်မာန်ဦး စုတ်သပ်လိုက်မိသည်။ ဒီနေ့ အပြင်ထွက်တာကို ကြီးငယ်ဘဲသိမှာ။ အမေကတော့ မြို့နယ်ပညာရေးမှူးနှင့်သွားတွေ့ရမည်ဆိုပြီး ခုနကဘဲ ထွက်သွားတာ ညနေလောက်မှ ပြန်ရောက်မည်ဖြစ်သည်။ ကြီးငယ်ကိုတော့ ပတ်ချွဲနှပ်ချွဲနှင့် အပြင်ထွက်ဖို့ ခွင့်တောင်းပြီးပြီဖြစ်သည်။ ဒီနေ့က ဆရာမတစ်ယောက်ရဲ့အမေ နာရေးဖြစ်တာမို့ ဆရာမတွေအကုန်သွားရာကနေ နေ့လည်ပိုင်း အတန်းချိန်ကလည်း အကုန်ဖျတ်ထားလေသည်။ ညဘက် ကိုမင်းဉာဏ်ရဲ့ ဂိုက်တစ်ချိန်သာရှိလေသည်။
"မြို့ထဲဘက်သွားမှာ။ စာအုပ်သွားဝယ်မလို့။"
နောက်ဆုံးတော့ ထက်မာန်ဦးမှာ လွှမ်းကို ထိခြင်းငါးဖြာနှင့် ထိုင်ရှိခိုးပြီး မင်းကြီးဖျာ့လို့ မပြောရုံတမယ် လျှောက်တင်လိုက်ရလေသည်။
မာန့်ရဲ့ စကားကြောင့် မျက်လုံးလေးတွေ တောက်သွားတာ ဝေလွှမ်း။ GCE O Level စာအုပ်တွေက ဝေလွှမ်းခေါင်းထဲ ဝင်လာသည်။ အစ်ကိုကတော့ ပြောဖူးလေသည်။ စာအုပ်ဆိုင်တွေက မြို့ထဲဘက်မှာရှိတယ်ဆိုပြီး။
![](https://img.wattpad.com/cover/233068336-288-k391852.jpg)
VOUS LISEZ
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
Roman d'amourUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...